iPhone 6 plus ဖုန်းများ ကွေးညွန်သွားသည့် ပြဿ နာ ဖြစ်တောင့်ဖြစ်ခဲ့ဟု Apple ကုမ္ပဏီ တုံ့ပြန်

iPhone 6 plus ဖုန်းတွေ ကွေးညွန်သွားတဲ့ ပြဿ နာနဲ့ ပတ်သက်ပြီး Apple ကုမ္ပဏီဘက်ကတော့ ဒါဟာ ဖြစ်တောင့်ဖြစ်ခဲ့ပါလို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ iPhone6iPhone 6 နဲ့ iPhone 6+ အလုံးရေ ၁၀ သန်း ရောင်းချပြီးပြီ ဖြစ်ပါတယ်။ Apple iPhone 6+ တွေကို ထုတ်ခဲ့ပြီး ရက်သတ္တပတ် ၂ ပတ် မရှိသေးခင်မှာ iPhoen 6+ ဖုန်းတွေ ဂျင်းဘောင်းဘီထဲ ထည့်ထိုင်မိရင် ကွေးညွတ်သွားတဲ့ ပြသနာကို အင်တာနက လူမှုကွန်ရက်တွေမှာ လူပြောများနေပြီး ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေလည်း ပျံနှံ့နေပါတယ်။ ဒီဖုန်းခွံအတွက် အလူမီနီယံအပေါ့စားကို သုံးထားပြီး ထင်တာထက် ကွေးညွတ်တယ်။ ဒီဇိုင်း အားနည်းချက်လည်း ဖြစ်နိုင်တယ်လို့ နည်းပညာသုံးသပ်သူတွေက ဆိုပါတယ်။ ဒီ iPhone 6+ ကွေးညွတ်တဲ့ youtube ဗွီဒီယိုကို အင်တာနက်မှာ စက်တင်ဘာလ ၂၃ ရက်နေ့က တင်ခဲ့ပြီး ဒီနေ့အထိ ကြည့်ရှုသူ ၁၁ သန်းကျော်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က iPhone 4 တွေထွက်တုန်းကလည်း ဖုန်းပြောရင်း လိုင်းကျတဲ့ အင်တင်နာပြဿနာတက်ခဲ့ပါသေးတယ်။

More News
Up