ကယ်ပီတယ်ဝမ်းပြိုင်ပွဲတွင် အာဆင်နယ်က ဆောက်သမ်တန်ကို ရှုံးနိမ့်

_77779377_hi024029292မနေ့ညယှဉ်ပြိုင်သွားတဲ့ ကယ်ပီတယ်ဝမ်း တတိယအဆင့် ပြိုင်ပွဲမှာ အာဆင်နယ်က ဆောက်သမ်တန်ကို ရှုံးပြီး လီဗာပူးက မယ်ဒယ်ဘရော့ကို အနိုင်ရသွားပါတယ်။ အာစင်နယ်ဟာ အိမ်ကွင်းမှာ အရံနဲ့ အဓိက ကစားသမားတွေကို တွဲဖက် ပွဲထုတ်လာတာ ဖြစ်ပြီး ဘောလုံးပိုင်ဆိုင်မှုမှာ အသာစီး ယူနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ အာဆင်နယ်က လူငယ်နဲ့ အဓိက ကစားသမားတွေကို တွဲဖက် ပွဲထုတ်လာပေမယ့် ဆောက်သမ်တန်က ဂိုးသွင်းခွင့် ပိုရခဲ့ တာပါ။ လီဗာပူးနဲ့ မစ်ဒယ်ဘရော့က ၂ ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ လီဗာပူးက ၁၄ ဂိုး ၁၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲမှာ လီဗာပူးက အိမ်ကွင်း ပရိသတ်တွေရှေ့မှာ ပွဲကို ထိန်းချုပ်ကစားသွားနိုင်ခဲ့ပါတယ်။ လီဗာပူးဟာ ကယ်ပီတယ်ဝမ်းပြိုင်ပွဲ စတုတ္ထအဆင့်ကို တက်ရောက်သွားပါတယ်။

More News
Up