အမေရိကန်က မြေပြင်ပစ် ဒုံးကျည်များဖြင့် အိုက်အက်စ်စစ်သွေးကြွများကို တိုက်ခိုက်

အမေရိကန် ပဲ့ထိန်းဒုံးကျည်တပ် ခရူဇာစစ်သင်္ဘော USS ဖိလစ်ပင်းဆီးက တိုမာဟော့ခ် မြေပြင်ပစ် ဒုံးကျည်တွေနဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ (အိုင်အက်စ်) စစ်သွေးကြွတွေကို ပစ်ခတ်တိုက်ခိုက်နေပုံ အမေရိကန်ရေတပ် ရုပ်သံမှတ်တမ်းက ပြသလိုက်ပါတယ်။ HT_navy_grab1_ml_140923_16x9_992အမေရိကန်နဲ့ သူ့ရဲ့ အာရပ်မဟာမိတ်တွေဟာ ဆီးရီးယားနိုင်ငံထဲက စစ်သွေးကြွတွေကို မနေ့ကစပြီး ပထမဆုံးအကြိမ် ဗုံးကြဲခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း မဟာမိတ်ဖြစ်မှုအကွက်ရွှေ့တဲ့ တိုက်စစ်အသစ်ကိုလည်း ဖွင့်လှစ်လိုက်ပြီး ဒီတိုက်ခိုက်မှုကို ကန့်ကွက်မှုလည်း မရှိခဲ့ပါဘူး။ ဆီးရီးယားသမ္မတ အာဆတ်အစိုးရဆီက မပြောဘဲ နားလည်မှုနဲ့သိတဲ့ အတည်ပြုချက် လက္ခဏာလည်း ဖြစ်တယ်လို့ မီဒီယာတွေက သုံးသပ်ဖော်ပြပါတယ်။ အရင်ကတော့ အမေရိကန် အစိုးရက ဆီးရီးယားအစိုးရကို ကြိုတင်သတိပေးခဲ့ပြီးသားပါ။ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဂျော်ဒန်၊ ဘာရိန်းနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က အိုင်အက်စ်တွေကို တိုက်ခိုက်မှု ပါဝင်ထောက်ခံခဲ့တယ်လို့ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနချုပ်က ပြောပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက အာရပ် ၅ နိုင်ငံအပါအဝင် ညွန့်ပေါင်းဖြစ်မှုကြောင့် အမေရိကန်ရဲ့ ဒုတိယမြောက် လေကြောင်းတိုက်ခိုက်ရေး လှုပ်ရှားမှုက အထီးကျန်မဟုတ်တော့ဘူးလို့ ရုပ်သံက လွှင့်တဲ့မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

More News
Up