ပွဲဆက်များပေမယ့် စီရော်နယ်ဒိုကို အနားမပေးဟု နည်းပြပြော

741
ပွဲဆက်တွေ များနေပေမယ့် တိုက်စစ်မှူး စီရော်နယ်ဒိုကို အနားပေးမှာ မဟုတ်ဘဲ ဆက်ပြီး သုံးသွားမယ်လို့ ရီးရဲလ်မက်ဒရစ် နည်းပြ အန်စလော့တီက ပြောပါတယ်။
ရီးရဲလ်ဟာ ၁၂ ရက်အတွင်း ပွဲကြပ်တွေအဖြစ် ၄ ပွဲကစားရမှာပါ။ ဒီကနေ့မှာလည်း လာလီဂါ ပွဲစဉ်အဖြစ် အယ်ချီနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
“ရော်နယ်ဒို အနားယူဖို့ မလိုအပ်ပါဘူး။ ကျနော်တို့အတွက် သူ့ရဲ့ အကောင်းဆုံး စွမ်းဆောင်မှုတွေ လုပ်အပ်တယ်” လို့ နည်းပြက ပြောပါတယ်။
ရော်နယ်ဒိုဟာ ဒီနှစ်ရာသီအစမှာ ယူအီးအက်ဖ်အေ စူပါဖလား အပါအ၀င် ရီးရဲလ်အတွက် ၇ ပွဲအထိ ကစားပေးထားပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ၇ ပွဲမှာ ဟက်ထရစ်တကြိမ် အပါအ၀င် ၈ ဂိုး သွင်းယူထားပါတယ်။
