စီအန်ဂျီ ဈေး ၂ ဆ တက်မယ်ဆိုတာ မမှန်
DVB
·
September 22, 2014
လာမယ့် အောက်တိုဘာ ၁ ရက်နေ့က စပြီး လက်ရှိ မော်တော်ယာဉ်တွေကို ရောင်းချ ပေးနေတဲ့ စီအင်န်ဂျီ ဈေးနှုန်းတွေ ၂ ဆ တိုးမြှင့်တော့မယ်ဆိုပြီး ရေးသားဖော်ပြနေကြတဲ့ သတင်းတွေ မမှန်ပါဘူးလို့ စွမ်းအင်ဝန်ကြီးဌာနက ပြီ်းခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့မှာ တရားဝင် သတင်းထုတ်ပြန် ရှင်းလင်းပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်း စွမ်းအင်ဝန်ကြီးဌာန လက်အောက်ရှိ စီအင်န်ဂျီ အရောင်းဌာနခွဲ ရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းဌာနတွေ မှာ ဖော်ပြခဲ့တဲ့ သတင်းတွေဟာလည်း မမှန်ဘူးလို့ ၀န်ကြီးဌာနက ငြင်းဆိုပါတယ်။
စွန်းအင်ဝန်ကြီးဌာနဟာ မော်တော်ယာဉ်တွေကို စီအန်ဂျီ ၁၆၅ ကုဗပေ ကို လက်ရှိ ကျပ် ၁၀၀၀ နှုန်းနဲ့ ရောင်းပေးနေသလိုပဲ ဆက်ပြီး ရောင်းသွားမယ့်အကြောင်း၊ တကယ်လို့ ဈေးနှုန်းတက်မယ်ဆိုရင်လည်း ပြည်သူတွေကို ကြိုတင် အသိပေးမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။