စကော့တလန်က အာဏာခွဲဝေရေး ကတိက၀တ်ကို လေးစားရမည်ဟု ဗြိတိသျှဝန်ကြီးချုပ်ဟောင်း ပြော

ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန် ဘရောင်း
1.2K
စကော့တလန် လွတ်လပ်ရေးအတွက် လူထုဆန္ဒခံယူပွဲမှာ ဗြိတိန်နဲ့ ဆက်တွဲရေးဘက်က အနိုင်ရခဲ့ပေမယ့် အာဏာခွဲဝေရေး ကတိက၀တ်ကိုတော့ လေးစားရမယ်လို့ ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန် ဘရောင်းက ပြောပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့ မတိုင်ခင် ရက်တွေမှာ ဘရောင်းက စကော့တလန်ရဲ့ နာမည်ကျော် ကဗျာဆရာကြီး ရောဘတ် ဘန်းစ် မွေးနေ့ဖြစ်တဲ့ ဇန်န၀ါရီလ ၂၅ ရက်နေ့ ကျရင် စကော့တလန်လွှတ်တော်ကို အာဏာပိုပေးမယ့် ဥပဒေကြမ်းကို ရေးဆွဲဖို့ ကြေညာခဲ့ပါတယ်။
[caption id="attachment_65564" align="alignright" width="300"]
ဗြိတိသျှ ၀န်ကြီးချုပ်ဟောင်း ဂေါ်ဒန် ဘရောင်း (ဓာတ်ပုံ - ရိုက်တာ)[/caption]
ဆန္ဒခံယူပွဲ ပြီးသွားတဲ့ နောက်မှာလည်း လွန်ခဲ့တဲ့ နှစ်ပတ်က ကြေညာထားတဲ့ အချိန်ဇယားအတိုင်း၊ ကတိပေးထား အာဏာခွဲဝေရေး ပုံစံမျိုး ဖြစ်ပါ့မလာဆိုပြီး သံသယရှိနေတဲ့လူတွေကို ရှိနေတယ်ဆိုတာကို နားလည်တယ်လို့ ဂေါ်ဒန် ဘရောင်းက စကောတလန်နယ် ဒန်းဖမ်းလိုင်းမြို့မှာ ပြောပါတယ်။
ဆန္ဒခံယူပွဲမှာ ထောက်ခံမဲပေးခဲ့သူတွေနဲ့ ကန့်ကွက်မဲပေးခဲ့ကြသူတွေ ပူးပေါင်းဆောင်ရွက်ကြဖို့ ကိုလည်း တိုက်တွန်းလိုက်ပါတယ်။ ဆန္ဒခံယူပွဲအကြို မဲဆွယ်နေတဲ့ကာလမှာ ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၊ လေဘာပါတီ ခေါင်းဆောင် မီလီဘန်းနဲ့ လစ်ဘရယ် ဒီမိုကရက်ခေါင်းဆောင် နစ်ခ် ကလက်တို့က စတော့တလန်အတွက် နိုင်ငံတော်အသုံးစရိတ်ပိုခွဲဝေပေးဖို့၊ ကျန်းမာရေး အသုံးစရိတ်ကိုလည်း စကော့တလန်ကို လုပ်ပိုင်ခွင့် ပေးဖို့ကတိပြုထားတာ ရှိပါတယ်။
ဆန္ဒခံယူပွဲမှာ လွတ်လပ်ရေးလိုချင်တဲ့ ဘက်က ရှုံးနိမ့်သွားတဲ့နောက်မှာတော့ ၀န်ကြီးချုပ် ကင်မရွန်းက စကော့တလန် လွတ်လပ်ရေး ကိစ္စဟာ မျိုးဆက်တဆက်စာလောက် ပြေလည်သွားပြီး ယူနိုက်တက်ကင်းဒမ်း ယူကေရဲ့ တခြား အစိတ်အပိုင်းတွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အမြန်ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။
