အိုက်အက်စ်အဖွဲ့ ရန်ကြောင့် ကာ့ဒ်လူမျိုးဒုက္ခသည် ၄ သောင်းခွဲ တူရကီတွင် ခိုလှုံ

အိုက်အက်စ် တိုက်ခိုက်ရေးသမားတွေရဲ့ ဘေးကို ကြောက်လန့်ပြီး တရက်အတွင်းမှာ ဆီရီးယား ကာ့ဒ်လူမျိုး သောင်းနဲ့ ချီပြီး တူရကီဘက်ကို ခိုလှုံခဲ့တယ်လို့ တူရကီ ဒုဝန်ကြီးချုပ်က ပြောပါတယ်။ IS Syria Refugeeအိုက်အက်သူပုန်တွေဟာ ဆီရီးယား နယ်စပ် ကျေးရွာတွေကို သိမ်းထားပြီး အန်အယ် အာရပ်မြို့ကို အကြီးအကျယ် တိုက်ခိုက်နေလို့ ကာ့ဒ်လူမျိုး အရပ်သားတွေ တူရကီဘက်ကို ထွက်ပြေးနေရတာပါ။ စစ်ရှောင် ဒုက္ခသည်တွေများတာကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ကစလို့ တူရကီလည်း နယ်စပ်ဂိတ်တွေကို ဖွင့်ထားပေးရပါတယ်။ စက်တင်ဘာလ ၁၉ ရက်နေ့အထိ ဆီရီးယား ကာ့ဒ်လူမျိုး ဒုက္ခသည် ၄ သောင်းခွဲလောက် နယ်စပ်ကို ဖြတ်ကျော်ပြီး တူရကီဘက်ကို ခိုလှုံလာတယ်လို့ တူကရီ အရာရှိတွေက ပြောပါတယ်။ အိုက်အက် သူပုန်တွေဟာ အန်အယ် အာရတ်မြို့ကနေ မိုင်အနည်းငယ်လောက်ပဲ ဝေးတော့တယ်လို့ ကာ့ဒ် တပ်မှူးကြီးတယောက်က ပြောပါတယ်။ ဆီရီးယားဘက်အခြမ်းမှာ အိုင်အက်စ် သူပုန်တွေရဲ့ တိုက်ခိုက်မှုစတင်တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကစလို့ ကာ့ဒ်တပ်တွေက ရွာပေါင်း ၁၀၀ ကျော်ကို ကယ်တင်ခဲ့ရပေမယ့် နယ်မြေ အတော်များများကတော့ သူပုန်တွေ လက်ထဲကို ကျရောက်ခဲ့ရတယ်လို့ ပြောပါတယ်။

More News
Up