ရွှေမြန်မာ လေကြောင်းလိုင်း၏ ချင်းမိုင်-ရန်ကုန် ခရီးစဉ် ဖွင့်ပွဲ ကျင်းပ

Golden Myanmar Airlineရွှေမြန်မာ လေကြောင်းလိုင်းရဲ့ ချင်းမိုင် - ရန်ကုန် ခရီးစဉ်သစ် ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၀ ရက်နေ့ ချင်းမိုင်မြို့က အင်ပရီရယ် မယ်ပင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ ခရီးစဉ်သစ်ကို အောက်တိုဘာ ၂ ရက်နေ့ကစပြီး တပတ်ကို ၃ ကြိမ်အဖြစ် အင်္ဂါ၊ ကြာသပတေးနဲ့ စနေနေ့တွေမှာ ပြေးဆွဲသွားမှာပါ။ ဒီခရီးစဉ်ကို ဈေနှုန်းချိုသာစွာနဲ့ ပြေးဆွဲမှာ ဖြစ်တဲ့အတွက် အစပိုင်းမှာ ငွေကြေး အရှုံးပေါ်နိုင်ပေမယ့် နောက်ပိုင်းမှာ အမြတ်အစွန်း ရနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း လေကြောင်းလိုင်းရဲ့ အထွေထွေ မန်နေဂျာ ဦးအေးလွင်က ဒီဗွီဘီကို ပြောပါတယ်။ ချင်းမိုင် - ရန်ကုန် ခရီးစဉ် တကြောင်းအတွက် ၅၉ ဒေါ်လာ သတ်မှတ်ပြီး ပြေးဆွဲသွားမှာ။ အခု ခရီးစဉ်အတွက် ခရီးသည် ၇၀ လောက်ဆန့် ATR အမျိုးအစားလေယာဉ်တွေနဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။

More News
Up