ပြင်သစ်က အိုင်အက်စ်အကြမ်းဖက်များကို ပထမဆုံးအကြိမ် လေကြောင်းဖြင့် တိုက်ခိုက်

Air strikeပြင်သစ်သမ္မတက အီရတ်နိုင်ငံမှာရှိတဲ့ အိုင်အက်စ်အကြမ်းဖက်တွေကို ပထမဆုံးအကြိမ် လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာလ ၁၉ ရက်နေ့က ကြေညာပါတယ်။ အီရတ်နိုင်ငံ အရှေ့မြောက်ပိုင်းက အိုင်အက်စ်တွေရဲ့ ကုန်ပစည်းသိုလှောင်ရုံတခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး လာမယ့်ရက်တွေမှာ အခုလိုပဲ အိုင်အက်စ်အကြမ်းဖက်တွေကို အင်အားနည်းအောင် တိုက်ခိုက်သွားမယ်လို့ ပြောဆိုပါတယ်။ ယူအေးအီးနိုင်ငံမှာရှိတဲ့ စစ်အခြေစိုက်စခန်းတခုကနေ သွားရောက်တိုက်ခိုက်တာဖြစ်ပြီး အိုင်အက်စ်အကြမ်းဖက်ပစ်မှတ်တွေကို လေကြောင်းက တိုက်ရိုက်တိုက်ခိုက်တာ လက်ရှိအချိန်အထိ အမေရိကန်နဲ့ ပြင်သစ်နိုင်ငံတို့ပဲ ရှိပါသေးတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up