မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဖိုရမ် - မေးမြန်းချက်
DVB
·
September 20, 2014
မြန်မာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ အရေးပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေ မြန်မာနိုင်ငံအရောက် ဖိတ်ခေါ်နိုင်ဖို့အတွက် စက်တင်ဘာ ၂၃ ရက်ကနေ ၂၅ ရက်နေ့အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ မြန်မာ့ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဖိုရမ်ကို ပြုလုပ်သွားဖို့ ရှိပါတယ်။
ဒီဖိုရမ်မှာ မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ္ဍာရေးနဲ့ငွေကြေး၊ ဟိုတယ်နဲ့ ခရီးသွားလာရေးကဏ္ဍတွေအပေါ် အလေးထား ဆွေးနွေးသွားမှာပါ။
ဒါကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းနဲ့ပတ်သတ်လို့ ပါဝင်ဆွေးနွေးမယ့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဈေးကွက်ရှာဖွေရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။