မြန်မာတောင်တက်သမား ၂ ဦးကို ရှာဖွေရန် အမေရိကန်အဖွဲ့ ရောက်ရှိ
DVB
·
September 19, 2014
ပျောက်ဆုံးနေတဲ့ မြန်မာတောင်တက်သမား ၂ ဦးကို ကူညီရှာဖွေပေးဖို့ အမေရိကန်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒီနေ့မနက် ရန်ကုန်လေဆိပ်ကို ရောက်ရှိလာပါတယ်။
အဖွဲ့ဝင် ၄ ဦးပါဝင်တဲ့ အမေရိကန်နိုင်ငံက ကယ်ဆယ်ရေးအဖွဲ့ဟာ ပျောက်ဆုံး တောင် တက်သမား ၂ ဦးကို ကူညီရှာဖွေပေး မှာ ဖြစ်ပါတယ်။
သဘာဝခေါ် သံ ဖောင်ဒေး ရှင်းရဲ့ တောင်တက် အဖွဲ့ဝင် ၈ ဦးအနက် ၆ ဦးက တောင်ခြေ အခြေစိုက်စခန်းမှာ နေရစ်ခဲ့တာဖြစ်ပြီး ကိုအောင်မြင့်မြတ်နဲ့ ကိုဝေယံမင်းသူတို့ ၂ ဦးကတော့ တောင်ထိပ်မှာ အလံစိုက်ဖို့ ခရီးဆက်ခဲ့ကြရင်းနဲ့ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။
တောင်ထိပ်ထိအောင် တက်သွားကြတဲ့ အဲဒီ ၂ ဦးဟာ အမြင့်ပေ ၁၉၂၉၆ ရှိ ခါကာဘိုရာဇီ တောင်ထိပ်ကို သြဂုတ် ၃၁ ရက် ညက ရောက်ရှိပြီး မြန်မာအလံစိုက်ထူနိုင်ခဲ့တာပါ။