မော်ရင်ဟို ချဲလ်ဆီးကို နောက်ထပ် ၁၀ နှစ် ကိုင်တွယ်စေလိုဟု အမှုဆောင်အကြီးအကဲ ပြော
Published By
DVB | 19 September, 2014
1.1K
0
Share
0
Comment
0
Likes

အင်္ဂလန် ပရီးမီးယားလိဂ်က ချဲလ်ဆီးအသင်းဟာ လက်ရှိနည်းပြ မော်ရင်ဟိုကို နောက်ထပ် ၁၀ နှစ်လောက် တာဝန်ထမ်းဆောင်ဖို့ ဆန္ဒရှိနေတယ်လို့ အမှုဆောင် အကြီးအကဲက ပြောပါတယ်။
မော်ရင်ဟိုရဲ့ အသင်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေကို အမှုဆောင် အကြီးအကဲ ရောင်ကော်လေးက ချီးကျူးခဲ့ပြီး အသင်းကို ရှေ့ဆက်သွားဖို့ မောင်းနှင်တဲ့ စွမ်းရည်ကိုလည်း အသိအမှတ်ပြုခဲ့ပါတယ်။
သူက ကလပ်အသင်းအကြောင်းကို သိသလို မီဒီယာတွေကိုလည်း တခြားမန်နေဂျာနဲ့မတူ ဆက်ဆံတာကို တွေ့ရတယ်လို့ သူက ပြောပါတယ်။
ကလပ်အသင်းက ဖိအားကိုသာမက ကစားသမားတွေအပေါ်က ဖိအားတွေကို သူက အဝေးကို ယူဆောင်သွားပါတယ်လို့ သူက ပြောပါတယ်။
အရင် ၃ နှစ်ကိုင်တွယ်စဉ်က မော်ရင်ဟိုက ဖလား ၆ ခုကို ရယူပေးခဲ့တာလည်း ဖြစ်ပါတယ်။
မော်ရင်ဟိုဟာ ကလပ်အသင်းတခုကို အတည်တကျ ကိုင်တွယ်တာမျိုး မရှိသလို အင်တာမီလန်နဲ့ ရီးရဲလ်မက်ဒရစ်ကိုလည်း အောင်မြင်အောင် ကိုင်တွယ်ခဲ့ပါတယ်။