ထိုင်းဝန်ကြီးချုပ်က နိုင်ငံခြားသားခရီးသည်များ ဇာတိမြေလို အမြဲဘေးကင်းမည် မဟုတ်ဟု ဆို

ဓာတ်ပုံ - ရိုက်တာ
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက သူ့နိုင်ငံဟာ နိုင်ငံခြားသားခရီးသည်တွေအတွက် သူတို့ ဇာတိမြေလို အမြဲ ဘေးကင်းနေမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ပြောဆိုခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပုံရိပ်ကို ထိခိုက်စေခဲ့တဲ့ ဗြိတိန်ခရီးသည် ၂ ယောက်ကို သတ်မှုအပြီး ခုလို ပြောလိုက်တာပါ။ [caption id="attachment_63167" align="alignright" width="300"]ဓာတ်ပုံ - ရိုက်တာ ဓာတ်ပုံ - ရိုက်တာ[/caption] ထိုင်းတောင်ပိုင်းက သန္တာကျောက်တန်းတွေနဲ့ ရေငုပ်နိုင်တဲ့ အခွင့်အလမ်းတွေကြောင့် နာမည်ကျော်တဲ့ ကို့တောင်ကျွန်းမှာ ဗြိတိန်လူငယ် ဒေးဗစ်မေလာနဲ့ ဟန်းနာ ဝစ်သာရစ်ခ်ျတို့ရဲ့ အလောင်းတွေကို အဝတ်မပါ ဒဏ်ရာအပြင်းစားတွေနဲ့ စက်တင်ဘာ ၁၅ ရက်နေ့ မနက်က တွေ့ခဲ့တာ ဖြစ်ပြီး အနီးအနားမှာတော့ သူတို့ကို တိုက်ခိုက်ရာမှာ သုံးပုံရတဲ့ ပေါက်တူး တလက်ကို တွေ့တယ်လို့ ရဲတွေက ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ်ကတော့ “ကျနော်တို့က ကမ္ဘာ့လှည့်ခရီးသည်တွေကို နားလည်ရမယ်။ သူတို့က ထိုင်းနိုင်ငံဟာ ဘေးကင်းပြီး လှတယ်လို့ ထင်တယ်။ သူတို့ စိတ်ကြိုက် လုပ်လို့ ရတယ်။ ရေကူးဝတ်စုံကို နေရာတိုင်း ဝတ်နိုင်တယ်။ ဒါပေမယ့် ထိုင်းမှာ ရေကူးဝတ်စုံ ဝတ်ဖို့ ဘေးကင်းတယ်လို့ သူတို့ ထင်လားလို့ သူတို့ကို မေးချင်တယ်။”လို့ အစိုးရအရာရှိတွေနဲ့ မူဝါဒဆိုင်ရာ အစည်းအဝေးတွင်းမှာ ပြောခဲ့ပါတယ်။ ဒါပေမယ့် စက်တင်ဘာ ၁၈ ရက်နေ့မှာ အဲဒီစကားအတွက် ဝန်ကြီးချုပ်က တောင်းပန်ခဲ့ တယ်လို့ ထိုင်းမီဒီယာက ပြောပါတယ်။ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ၁၀ ရာခိုင်နှုန်းဟာ ခရီးသွားလုပ်ငန်းက ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် သွေးချောင်းစီး ဆန္ဒပြပွဲတွေနဲ့ မေလ စစ်အာဏာသိမ်းမှုကြောင့် ခရီးသည်လာရောက်မှု ကျဆင်းခဲ့တာကနေ ခုထိ နာလံမထသေးပါဘူး။ ထိုင်းနိုင်ငံဟာ မေလ အာဏာသိမ်းအပြီး ခုထိ စစ်အုပ်ချုပ်ရေးအောက်မှာ ရှိနေပါသေးတယ်။ ဒါကြောင့် တချို့ ခရီးသည်တွေအနေနဲ့ စစ်အုပ်ချုပ်ရေး သက်ရောက်ရာ နိုင်ငံတွေအတွက် ခရီးသွားအာမခံ ဝယ်လို့ မရနိုင် ဖြစ်နေပါတယ်။

More News
Up