စက်တင်ဘာ ၁၈ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် - ဒေါက်တာထွန်းလွင်
DVB
·
September 17, 2014
စက်တင်ဘာ ၁၇ ရက်နေ့ မနက် ၇ နာရီခွဲ အချိန်ဖမ်းယူရရှိထားတဲ့ တိမ်ပုံမှာဆိုရင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပါ တယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ် နေပါတယ်။ မြန်မာနိုင်ငံပေါ်မှာကတော့ တောင်ပိုင်း၊ အရှေ့ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ တိမ်ထူထပ် နေပါတယ်။ ကျန်ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။
စက်တင်ဘာ ၁၈ ရက်နေ့
မြန်မာ့ပင်လယ်ပြင်အခြေအနေ ခန့်မှန်းချက်အနေနဲ့ကတော့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။ လှိုင်းအမြင့် ၅ ပေကနေ ၁၂ ပေလောက်မြင့်တက်နိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်မြင့်တက်နိုင်မှု အနေနဲ့ကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ သိသိသာသာကျဆင်းနိုင်ပါတယ်။ လွန်ကဲအဆင့်ဖြစ်တဲ့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း တန်ဖိုး ၁၁ အထက်ရှိနိုင်တာကတော့ မြိတ်မြို့နဲ့ မကွေးမြို့တွေပဲဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တဲ့ မြိတ်မြို့မှာ ခရမ်းလွန် ရောင်ခြည်အညွှန်းကိန်း တန်ဖိုး ၁၂.၀ ကျရောက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အနိမ့်ဆုံး ကျရောက်နိုင်တဲ့ ထားဝယ်မြို့မှာ အညွှန်းကိန်းတန်ဖိုး ကတော့ ၃.၃ ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အညွှန်းကိန်းတန်ဖိုးတွေက လွန်ကဲအဆင့်အောက်ကိုကျရောက်နိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည် နယ်၊ ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်း ကနေ ၂၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။
မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ် နဲ့ တနင်္သာရီတိုင်းတို့မှာ မိုးရွာဖို့သေချာမှု ၄၀ ကနေ ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာတော့ မိုးရွာဖို့သေချာမှု အနေနဲ့ ၇၀ ရာခိုင်နှုန်း ကနေ ၈၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
မိုးရေချိန်ခန့်မှန်းချက်ကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း တောင်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်း တို့မှာ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ မီလီမီတာကနေ ၅၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။
မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ စက်တင်ဘာ ၁၈ ရက်နေ့အတွက် နေပြည်တော်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၈ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ် လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာ နိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၃ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာ နိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၈၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၂ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၇၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။