အီဘိုလာတိုက်ဖျက်ရေး တတတ်တအားပါဝင်ကြရန် အမေရိကန်သမ္မတ တိုက်တွန်း

အမေရိကန်သမ္မတ အိုဘာမားက အနောက်အာဖရိကမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါဟာ တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေပြီး အမေရိကန်နိုင်ငံက ရောဂါ တိုက်ဖျက်ရေးမှာ တတတ်တအားပါဝင်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်နေ့က ကတိပြုလိုက်ပါတယ်။ gty_barack_obama_cdc_ebola_jc_140916_16x9_992ရောဂါတိုက်ဖျက်ရေး အတွက် ကမ္ဘာက အမေရိကန်နိုင်ငံကို အားကိုးနေကြပေမယ့် တကမ္ဘာလုံးရဲ့ အတိုင်းအတာနဲ့ တိုက်ဖျက် မှ အောင်မြင်နိုင် မယ်လို့လည်း အိုဘားမားက ပြောဆိုပါတယ်။ အမေရိကန်နိုင်ငံက အနောက်အာဖရိကနိုင်ငံတွေမှာ အီဘိုလာရောဂါ ကာကွယ်ကုသရေး ဌာနတွေကို ဆောက်လုပ်ဖို့ အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀ စေလွှတ်တော့မှာ ဖြစ်ပါတယ်။ လောလောဆယ် အမေရိကန်ရဲ့ အကူအညီတွေထဲမှာ အီဘိုလာရောဂါကုသရေး ဆေးဝန်ထမ်း ၁ ပတ်ကို အယောက် ၅၀၀ သင်တန်းပေးဖို့၊ အီဘိုလာရောဂါ ဖြစ်ပွားနေတဲ့နိုင်ငံတွေမှာ ထောက်ပံ့ရေးပစ္စည်းတွေ မြန်မြန်ဆန်ဆန် ပေးပို့နိုင်ဖို့ အမေရိကန်နိုင်ငံက လေကြောင်းအကူအညီပေးဖို့နဲ့ အီဘိုလာရောဂါ ကာကွယ်ရေး အိမ်သုံးပစ္စည်းတွေ သိန်းနဲ့ချီပြီး ဖြန့်ဝေဖို့တွေ ပါဝင်ပါတယ်။ ဒဗလျူအိတ်ခ်ျအိုအဖွဲ့ကြီးက ဒီနှစ်အတွင်း အီဘိုလာရောဂါနဲ့ သေဆုံးသူ ၂၄၆၁ ဦး သေဆုံးသွားပြီး ကြေညာထားပြီး သေဆုံးသူ ဦးရေရဲ့ ၂ ဆလောက်ဟာ လက်ရှိ ရောဂါ ကူးစက်ခံနေရပါတယ်။ ပြီးခဲ့တဲ့လက ရောဂါကူးစက်ခံရသူဦးရေ ရုတ်တရက် မြင့်တက်လာခဲ့ပြီး လက်ရှိ သုံးစွဲနေတဲ့ငွေကြေးထက် ၁၀ ဆ၊ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ လိုအပ်တယ်လို့လည်း ယူအန်က ပြောဆိုပါတယ်။ ဆေးရုံနဲ့ ဆေးခန်းတွေဟာ လူနာဦးရေကို လက်မခံနိုင်တော့တာကြောင့် ဒီနိုင်ငံတွေမှာ အခြေအနေကို လုံးဝ မထိန်းနိုင်တော့ရင် တကမ္ဘာလုံးရဲ့ လုံခြုံရေးကို ထိခိုက်လာတော့မှာလို့ လည်း ဆိုပါတယ်။

More News
Up