Home
စီးပွားရေး
၅ လအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၃ ဘီလီယံကျော်ဝင်
DVB
·
September 15, 2014
၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ် ၅ လတာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံကျော် ရှိပြီမို့ အခုနှစ် လျာထားချက်ရဲ့ တ၀က်ကျော် ပမာဏ ရောက်ရှိနေပြီလို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ကြေညာပါတယ်။ dollar1လက်ရှိ ဘဏ္ဍာရေးနှစ် နိုင် ငံခြား မြှုပ်နှံ မှု ရည်မှန်းချက် အမေရိကန်ဒေါ်လာ ၅ ဘီလီယံမို့ နှစ်ဝက် မတိုင်ခင် တ၀က်ကျော် ၀င်ရောက်ခဲ့ပြီး ဘဏ္ဍာရေးနှစ်ကုန် ရင် မျှော်မှန်းထားတာ ထက် ပိုပြီး ၀င်ရောက်လိမ့်မယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်ကလည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၃ ဘီလီယံ ၀င်ရောက်ဖို့ လျာထားခဲ့ပေမယ့် ၄ ဘီလီယံကျော်သည်အထိ တိုးတက် ၀င်ရောက်ခဲ့ကြောင်း စာရင်းတွေမှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024