မန်ယူက ကျူပီအာကို ၄ ဂိုးဖြင့် အနိုင်ရ၊ ပရီးမီးယားလိဂ်ဖလား ရယူလိုဟု ဗန်ဂါးပြော

စက်တင်ဘာ ၁၄ ရက်ညက ယှဉ်ပြိင်သွားတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်က ကျုပီအာကို ၄ ဂိုးပြတ်နဲ့ အနိုင်ရသွားပါတယ်။ manuမန်ယူက ဒီပွဲမှာ အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဖာကာအို၊ ဘလိုင်းနဲ့ ရိုဂျိုတို့ ပွဲဦးထွက် ပါဝင် ကစားသွားပြီး ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ထိုးဖောက် ဂိုးသွင်းခွင့်တွေလည်း ပိုရခဲ့တာပါ။ အနိုင်ဂိုးတွေကို ဒီမာရီယာ၊ ဟာရဲရာ၊ ရွန်နီနဲ့ မာတာတို့က သွင်းယူပါတယ်။ ဒီမာရီယာနဲ့ ဟာရဲရာတို့ဟာ မန်ယူအတွက် ပထမဆုံး ဂိုးတွေ သွင်းနိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲဟာ မန်ယူရဲ့ ဒီနှစ်ရာသီမှာ ပထမဆုံုံး အနိုင်ရတဲ့ ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲနိုင်လို့ နည်းပြ ဗန်ဟားရဲ့  မန်ယူဟာ ၅ မှတ်နဲ့ အဆင့် ၉  နေရာကို တက်လာပြီး ဇယားထိပ်က ချဲလ်ဆီးရဲ့နောက် ၇ မှတ်အကွာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် မန်ယူနည်းပြ ဗန်ဟားလ်က ဒီနှစ်ရာသီမှာ  ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ဖို့ ပစ်မှတ်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ အိုးထရက်ဖို့ကွင်းမှာ ကျုပီအာကို ၄ ဂိုးပြတ်နဲ့ ချေမှုန်းအပြီးမှာ အခုလို ပြောဆိုလိုက်တာပါ။ “ဒီနှစ်ရာသီထဲမှာ ပရီးမီးယားလိဂ်ဖလားကို ရယူချင်ပါတယ်။ တကယ်လို့ ဒီနှစ်မရရင်တောင် ဒုတိယနှစ်နဲ့ တတိယနှစ်မှာ ချန်ပီယံဖလားကို ပရိသတ်တွေအတွက် ယူပေးချင်ပါတယ် ”လို့ နည်းပြ ဗန်ဟားက ပြောပါတယ်။ ဒတ်ခ်ျလူမျိုး နည်းပြဟာ ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ တာဝန်ယူခဲ့စဉ်က ပထမရာသီမှာပဲ ချန်ပီယံဆု ရတဲ့ အစဉ်အလာ ရှိနေပါတယ်။

More News
Up