လစ်ဗျားတွင် အသစ်ဖွဲ့စည်းထားသည့် လွှတ်တော်ကို ဖျက်သိမ်းပေးရန် ဆန္ဒပြ

လစ်ဗျား နိုင်ငံမှာ အသစ်ဖွဲ့စည်းထားတဲ့ လွှတ်တော်ကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေပါတယ်။ Syriaလွှတ်တော်ရဲ့ ဆုံးဖြတ်ချက်ဟာ ပြည်ပစွက်ဖက်မှုကို ဖိတ်ခေါ်သလို ဖြစ်စေတယ်လို့ ဆိုပြီး လူထောင်ပေါင်းများစွာဟာ မြို့တော် ထရီပူလီက အာဇာနည် ရင်ပြင်မှာ စက်တင်ဘာလ ၁၂ ရက်နေ့က စုရုံးဆန္ဒပြကြတာပါ။ လွှတ်တော် ဆုံးဖြတ်ချက်ကြောင့် တော်လှန်ရေးသမားတွေကို ထိခိုက်စေပြီး လစ်ဗျား ဥပဒေကိုလည်း ချိုးဖောက်ရာရောက်တယ်လို့ ဆန္ဒပြသမားတယောက်က ပြောပါတယ်။ စက်တင်ဘာလ ၁၂ ရက်နေ့ ဆန္ဒပြပွဲမတိုင်ခင်ကတည်းက လွှတ်တော်အသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ၊ လစ်ဗျား အရုဏ်ဦး စစ်ဆင်ရေးကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ကြာပါပြီ။ လစ်ဗျား အာရုံဦး စစ်ဆင်ရေးကို အီဂျစ်နဲ့ ယူအေအီး နိုင်ငံတို့က လေကြောင်းကနေ တိုက်ခိုက်နေတာလို့ ဆန္ဒပြသမားတွေက စွပ်စွဲကြပါတယ်။

More News
Up