ချီလီစစ်အာဏာသိမ်း ၄၁ နှစ်ပြည့် ကန့်ကွက်ဆန္ဒပြသူများနှင့် ရဲများ ပဋိပက္ခဖြစ်
Published By
DVB | 13 September, 2014
933
0
Share
0
Comment
0
Likes

ချီလီနိုင်ငံမှာ စစ်တပ်အာဏာသိမ်းခြင်း နှစ်ပတ်လည်အထိမ်းအမှတ် ကန့်ကွက်ဆန္ဒပြသူတွေနဲ့ ရဲအဖွဲ့တို့ ဆက်ပြီး ထိပ်တိုက်တွေ့နေတုန်းပါပဲ။ ချီလီမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်ခံရတဲ့ သမ္မတ ဆာဗာဒို အလန်ဒီကို သတ်ပြီး စစ်တပ်က အာဏာသိမ်းခဲ့တာ ၄၁ နှစ်ပြည့် အောက်မေ့ဖွယ်အဖြစ် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ချီလီမှာ အမေရိကန် ကျောထောက်နောက်ခံပေးခဲ့တဲ့ ဗိုလ်ချုပ် သြဂတ်စတို ပီနိုချေးက အာဏာသိမ်းခဲ့တဲ့နောက်မှာ ဒေသတခုလုံးမှာ လက်ယာအာဏာရှင်တွေ ကြီးစိုးတဲ့ အမှောင်ခေတ်ဆီကို ဦးတည်ခဲ့ပါတယ်။
အခုဆိုရင် ချီလီမှာ ဒီမိုကရေစီခေတ် ပြန်ရောက်ခဲ့တာ နှစ် ၂၀ ကျော်လာပြီ ဆိုပေမယ့် စစ်အာဏာရှင်ခေတ်မှာ အသတ်ခံရ၊ လက်စဖျောက်ခံသူတွေရဲ့ မိသားစုတွေက သမိုင်းကို ပြန်ဖော်ပြီး တရားမျှတမှုအတွက် တောင်းဆိုနေကြတာပါ။
ပီနိုချေးခေတ် ၁၉၇၃ ခုနှစ်ကနေ ၁၉၉၀ အထိ ကာလအတွင်းမှာ လူပေါင်း ၃၀၀၀ ဖမ်းဆိးသတ်ဖြတ်ခံရပြီး လူပေါင်း ၂၈၀၀၀ လောက် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပါတယ်။ ချီလီအာဏာရှင် ပီနိုချေးဟာ အသက် ၉၁ နှစ်အရွယ် ၂၀၀၆ ခုနှစ်မှာ သေဆုံးခဲ့ပေမယ့် သူ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေအတွက် ခုံရုံးတင် မခံခဲ့ရပါဘူး။