အီးယူ ဒဏ်ခတ်ပိတ်ဆို့မှုဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို အနှောင့်အယှက်ဖြစ်ဟု ရုရှားပြော

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရို့ (ဓာတ်ပုံ - ရိုက်တာ)
အီးယူက ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တင်းကျပ်လိုက်တာဟာ ငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကို အနှောင့်အယှက်ပေးတာပဲလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရို့က ပြောပါတယ်။ [caption id="attachment_64884" align="alignright" width="300"]ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရို့ (ဓာတ်ပုံ - ရိုက်တာ) ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရို့ (ဓာတ်ပုံ - ရိုက်တာ)[/caption]တာဂျစ်ကစ္စတန်မှာ ကျင်းပနေတဲ့ လုံခြုံရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တက်ေ၇ာက်နေတဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြား Russia 1 ကို ပြောလိုက်တာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တည်တည်ငြိမ်ငြိမ် ဖော်ဆောင်နေတဲ့အချိန်မျိုးမှာ ဒီလို လုပ်လိုက်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အနှောင့်အယှက်ပေးတာပဲလို့ ၀န်ကြီး လက်ဗရို့က ပြောပါတယ်။ စက်တင်ဘာလ ၁၁ ရက်နေ့မှာ ချမှတ်လိုက်တဲ့ အီးယူရဲ့ ပိတ်ဆို့မှုတွေထဲမှာ ရုရှားထိပ်တန်း ဘဏ်တွေ၊ ကာကွယ်ရေးနဲ့ စွမ်းအင်ကုမ္ပဏီတွေပါဝင်ပြီး အကြီးတန်း နိုင်ငံရေးသမားတွေနဲ့ သူပုန်တွေရဲ့ ပိုင်ဆိုင်မှုကို ချိတ်ပိတ်တာလည်း ပါဝင်ပါတယ်။ အီးယူနဲ့ အမေရိကန်တို့က ဒီတပတ်ထဲမှာပဲ ရုရှားနိုင်ငံကို စီးပွားရေးတွေ ထပ်လုပ်လာပေမယ့် သာမန်ရုရှားပြည်သူတွေကို ထိခိုက်ဖို့ သိပ်မရှိဘူးလို့က နိုင်ငံရေးသုတေတီ က ပြောပါတယ်။

More News
Up