Home
မြန်မာသတင်း
ရှမ်းတပ်နှင့် ပအိုဝ်းတပ် နယ်မြေပိုင်ဆိုင်မှု အဖြေမရ
နန်းမြနဒီ
·
September 12, 2014
နယ်မြေအငြင်းပွားပြီး ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့တို့ကြား ဆွေးနွေးပွဲဟာ အဖြေတစုံတရာမရဘဲ အဆုံးသတ်ခဲ့ရပြီး ငြိမ်းချမ်းတဲ့နည်းနဲ့ ဆက်လက်ဖြေရှင်းသွားကြဖို့ နှစ်ဘက် သဘောတူညီခဲ့ကြပါတယ်။ SSARCSSစက်တင်ဘာလ ၁၁ ရက်နေ့က ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့ ဌာနချုပ် လွိုင်တိုင်းလျန်းမှာ တနေ့လုံး ဆွေးနွေးခဲ့ပေမယ့် နယ်မြေကိစ္စ တစုံတရာ ဆုံးဖြတ်ချက်မရဘဲ နောက်တကြိမ် ပြန်ဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်ဘက်က ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စိုင်းငင်းက ဒီဗွီဘီကို ပြောပါတယ်။ “ကျနော်တို့ သဘောတူညီချက် ၂ ခုတော့ ရခဲ့ပါတယ်။ ၁ အချက်ကတော့ ဒီနယ်မြေဆိုင်ရာ ပြဿနာတွေကို ကျနော်တို့ ၂ ဦး ၂ဘက် ကနေပြီးတော့ဘဲ ငြိမ်းချမ်းတဲ့ နည်းနဲ့ဘဲ ဖြေရှင်းသွားဖို့နဲ့ မကြာခင် အတောအတွင်းမှာ ခေါင်းဆောင်ပိုင်းတွေ ထပ်ပြီးတော့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ အချက်တွေပါ။ ရှေ့လထဲလောက်ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ချက်ချင်းလက်ငင်း ညှိနှိုင်းလို့မရတာတွေ ရှိနေသေးတယ်လေ။ သူတို့ဘက်ကလည်း အချင်းချင်းကြားမှာ ပြန်ညှိရမယ်။ ကျနော်တို့ကလည်း အချင်းချင်းကြားမှာ ပြန်ညှိ ရအုံးမယ်။ ပြောမယ်ဆို အခုလောလောဆယ်က သူတို့လည်း အဲဒီမောက်မယ်ဒေသမှာ အစိုးရက ပေးထားတဲ့သဘောပေါ့။ ကျနော်တို့ကလည်း ကိုယ့်နယ်မြေဆိုတော့ ညှိလို့ မရသေးတဲ့ သဘောပေါ့။” နှစ်ဘက်ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က ကတိက၀တ်ပြုထားကြတဲ့ အချက်တွေ ပေါ် အခြေခံပြီးတော့လည်း ဆွေးနွေးခဲ့ကြောင်း၊ အဲဒီအချက်တွေအရ ပီအဲန်အယ်လ်အို ပအိုဝ်း တပ်ဖွဲ့အနေနဲ့ ပွန်ချောင်းအနောက်ဘက်ခြမ်းမှာ လှုပ်ရှားဖို့နဲ့ ရှမ်းပြည်တပ်မတော်က ပွန်ချောင်း အရှေ့ဘက်ခြမ်းမှာ လှုပ်ရှားဖို့ ဖြစ်ပြီး ခုလတ် တလောမှာတော့ ပွန်ချောင်းအရှေ့ဘက် ကတူးကြီးဒေသမှာ ပီအဲန်အယ်လ်အိုက တပ်တွေတည်ဆောက်လာတာကြောင့် အငြင်းပွားဖွယ်ဖြစ်လာတာလို့ သူက ဆက်ပြောပါတယ်။ ဒီလိုအငြင်းပွားဖွယ်ရှိပေမယ့် တဘက်နဲ့ တဘက် အင်အားသုံးပြီး မဖြေရှင်းကြေးကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲကို ရှမ်းပြည်တပ်မတော်ဘက်က အာစီအက်စ်အက်စ ဒု ဥက္ကဋ္ဌ ၁ ဗိုလ်ချုပ်စိုင်းယီ့နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်ဘက်က ဥက္ကဋ္ဌ ခွန်မြင့်ထွန်းတို့ ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ကေအဲန်ပီပီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ နဲ့ ၀ အမျိုးသားအဖွဲ့ချုပ် ကိုယ်စားလှယ်တွေကလည်း တဘက်နဲ့တဘက် အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းဖို့ တိုက်တွန်းခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။ ဆွေးနွေးမှုနဲ့ ပတ်သက်ပြီး ပီအဲန်အယ်လ်အိုဘက်က သွားရောက်ခဲ့သူတွေကိုတော့ ဆက်သွ ယ်မေးမြန်း လို့ မရသေးပါဘူး။ ဒါပေမယ့် ပီအဲန်အယ်လ်အို နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာကတော့ ခေါင်းဆောင်ပိုင်းမှာ အဆင်ပြေနေပေမယ့်လည်း အဲဒီ ကတူးကြီးဒေသကို ရှမ်းပြည်တပ်မတော်အဖွဲ့က ၀ိုင်းထားပြီး ညှိနှိုင်းမှု မပြေလည်ရင် ပစ်မယ်လို့ အောက်ခြေတပ်မှူးတွေက ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ ဒုဗိုလ်မှူးကြီး စိုင်းငင်းက “သူတို့မနေ့ကဆွေးနွေးချက်မှာ လက်နက် အင်အားသုံးပြီး ဖြေရှင်းခြင်းမပြုဖို့ သဘောတူခဲ့သလို၊ ကတူးလုန်ဒေသထဲမှာလည်း ရှမ်းတပ်နဲ့ ပအိုဝ်းတပ်ကြား နီးကပ်စွာရှိမနေတဲ့အပြင် ခြိမ်းခြောက်မှု မရှိဘူး”လို့ ဒီဗွီဘီကို ပြောပါတယ်။ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး ဒုဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ ပီအဲန်အယ်လ်အိုကြား သဘောတူချက်အရ ကတူးလုန်ဒေသမှာ အိမ်ခြေ ၁၁၄ လုံး ဆောက်လုပ်ဖို့ရှိပြီး အလုံး ၃၀ လောက် ပြီးဆုံးသွားချိန်မှာ ခုလိုပြဿ နာပေါ်လာတာလို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသွားပါတယ်။ ဒီကိစ္စပေါ်အခြေခံပြီး ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ကြား စက်တင်ဘာလ ၃ ရက်နေ့ မနက်ပိုင်းက ထိတွေ့ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းကြား ငြိမ်းချမ်းစွာညှိနှိုင်းဆွေးနွေးဖို့ သမ္မတရုံးဝန်ကြီးဌာနကလည်း တိုက်တွန်းစာပေးပို့ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024