အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် မက္ကဆီကိုလေဆိပ်သစ်စီမံကိန်းကို ဆန့်ကျင်ဆန္ဒပြ

ဓာတ်ပုံ - Miguel Dimayuga
858
မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမှာ အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော်တန် လေဆိပ်သစ် စီမံကိန်းကို အစိုးရက ဖွင့်ချပြီး ၁ ပတ်အကြာမှာ စီမံကိန်းကို ဆန့်ကျင်တဲ့ ဒေသခံ မြေရှင်တွေက ဆန္ဒပြနေကြပါတယ်။
လေဆိပ်ဆောက်လုပ်ရေးဟာ မက္ကဆီကိုစီးတီးက မြို့တော်စည်ပင် နယ်နမိတ်ထဲမှာ စတင်နေပြီး ဖြစ်ပါတယ်။
[caption id="attachment_64824" align="alignright" width="300"]
ဓာတ်ပုံ - Miguel Dimayuga[/caption]ဒါကြောင့် ဒေသခံတွေက သူတို့ ကျေးလက်မြို့လေးအပေါ် လေဆိပ်စီမံကိန်းက ဘယ်လို သက်ရောက်မလဲဆိုတာ စိုးရိမ်နေကြပါတယ်။
အရင် သမ္မတဟောင်း ဗစ်စန်တေဖောက်စ်လက်ထက်က စတဲ့ ဒီစီမံကိန်းအတွက် အစိုးရက ဒေသခံတွေကို မြေ ၁ စတုရန်းမီတာတိုင်းအတွက် ဒေါ်လာ ပြား ၇၀ ကမ်းလှမ်းခဲ့ ပါတယ်။
ဒါကြောင့် အကြမ်းဖက် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အရာရှိ ၁၉ ယောက်ကို ဆန္ဒပြသူတွေက ပြန်ပေးဆွဲမှုတွေ ဖြစ်ခဲ့ဖူးတဲ့အတွက် စီမံကိန်းကိုတော့ ၂၀၀၂ ခုနှစ်မှာ ဖျက်သိမ်းခဲ့ ရဖူးပါတယ်။
ဒေသခံ လယ်သမားတယောက်ကတော့ “ဒီမြေဟာ ကျနော်တို့အတွက် အသက်မွေးဝမ်းကျောင်း ရင်းမြစ် ဖြစ်တယ်။ အစိုးရက ဒီမြေကို ကျနော်တို့ဆီကနေ ခွာထုတ်သွားရင် တရားတယ်လို့ မထင်ဘူး။”လို့ ပြောပါတယ်။
နှစ်ပေါင်း ၅၀ ကြာ အချိန်ယူ တည်ဆောက်မယ့် လေဆိပ်မှာ ပြေးလမ်း ၆ ခုပါမှာ ဖြစ်ပြီး မြေဧကပေါင်း ၁ သောင်း ၁ ထောင့် ၄ ရာနီးပါးကို သုံးရမှာပါ။
ပထမပြေးလမ်း ၃ ခုကိုတော့ ၂၀၂၀ ခုနှစ်မှာ စတင်အသုံးချနိုင်ဖို့ မျှော်လင့်ထားပြီး ခရီးသည် သန်း ၅၀ ကျော်ကို လက်ခံလည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။
