အိုင်အက်စ်အကြမ်းဖက်များကို အမေရိကန်နှင့် ပူးပေါင်းနှိမ်နင်းရင် အာရပ် ၁၀ နိုင်ငံ သဘောတူ

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)
[caption id="attachment_64819" align="alignright" width="300"]အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (ဓာတ်ပုံ - ရိုက်တာ)[/caption]အီရတ်နဲ့ ဆီးရီးယားနိုင်ငံက အိုင်အက်စ်အကြမ်းဖက်တွေကို အမေရိကန်နဲ့ ပူးပေါင်း နှိမ်နင်းဖို့ အာရပ် ၁၀ နိုင်ငံက ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် သဘောတူခဲ့ကြပါတယ်။ ဆော်ဒီအာရေဘီးယားနိုင်ငံ ဂျက်ဒါမြို့မှာ အာရပ်နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ တွေ့ဆုံခဲ့ပြီး အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ဆော်ဒီအာရေးဘီးယား၊ ကာတာ၊ ဘာရိန်း၊ ကူဝိတ်၊ အိုမန်နဲ့ ယူအေအီးတို့က သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သဘောတူညီချက်ထဲမှာ စစ်ရေးအကူအညီ၊ လူသားချင်းအကူအညီ နဲ့ အိုင်အက်စ်အဖွဲ့ကို ငွေကြေးဆိုင်ရာ ထောက်ပံ့ရေးလမ်းကြောင်းတွေကို ပိုပြီး တင်းတင်းကျပ်ကျပ်ပိတ်ဆို့ရေးတွေ ပါဝင်ပါတယ်။ အမေရိကသမ္မတ အိုဘာမားက ဆီးရီးယားနိုင်ငံထဲက အိုင်အက်စ်အဖွဲ့ကိုပါ တိုက်ခိုက်တော့မယ်လို့ စက်တင်ဘာ ၁၀ ရက်နေ့က ပြောလို့ ဆီးရီးယားမဟာမိတ် ရုရှားနိုင်ငံက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သဘောတူညီမှု မရပဲ ဆီးရီးယားနိုင်ငံထဲ ၀င်တိုက်မယ်ဆိုရင် ကျူးကျော် ရန်စမှုဖြစ်ပြီ နိုင်ငံတကာဥပဒေချိုးဖောက်မှုလည်း ဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။ သမ္မတအိုဘာမားက အိုင်အက်တပ်ဖွဲ့တွေကို အပြီးတိုင် ချေမှုန်းရေး ဘယ်အချိန်စမယ်၊ ဘယ်လောက် အချိန်ကြာမယ်လို့ အတိအကျမပြောတာဟာ သူရဲ့ ပါးနပ်မှုလို့လည်း လေ့လာသူတွေက သုံးသပ်ကြပါတယ်။

More News
Up