အစိုးရအတည်ပြုချက်မပါသည့် နိုင်ငံခြား ၀င်ရောက်စွက်ဖက်မှုများကို ရန်လိုမှုဟု ဆီးရီးယားတုံ့ပြန်

1K
[caption id="attachment_64812" align="alignright" width="300"]
ဆီးရီးယားအစိုးရ အမျိုးသားပြန်လည်ပေါင်းစည်းရေးဝန်ကြီး အလီဟိုဒါ[/caption]
ဆီးရီးယားအစိုးရ အမျိုးသားပြန်လည်ပေါင်းစည်းရေးဝန်ကြီး အလီဟိုဒါက အစိုးရရဲ့ အတည်ပြုချက်မပါရင် ဘယ်နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို မဆို ရန်လိုလုပ်ဆောင်မှုသာ ဖြစ်လိမ့်မယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။
နိုင်ငံတွင်းက အိုင်အက်စ်သွေးကြွတွေကို တိုက်ဖို့ အမေရိကန်က ပြင်ဆင်နေပြီလို့ ပြောအပြီး ခုလို တုံ့ပြန်လိုက်တာပါ။
တကယ်ဖြစ်မလာသေးသရွေ့ အဲဒီလို ရန်လိုမှုတွေအပေါ် ဆီးရီးယား အစိုးရရဲ့ တုံ့ပြန်မှုတွေအကြောင်း ပြောမယ့်ဖြစ်နိုင်ချေလည်း မရှိသေးဘူး။
ဘယ်လိုလှုပ်ရှားမှုမဆို ဆီးရီးယား အစိုးရရဲ့ အတည်ပြုချက် ရှိရမယ်လို့ သူက ဒမာစကတ်မြို့မှာ သတင်းထောက်တွေကို ဆက်ပြောပါတယ်။
ဆီးရီးယားနိုင်ငံတွင်း နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုအတွက် အိုင်အက်စ် စစ်သွေးကြွတွေ ခြိမ်းခြောက်မှုနဲ့ ဆင်ခြေပေးမှုကိုလည်း သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ဘားရတ်အိုဘားမားက အိုင်အက်စ်စစ်သွေးကြွတွေကို နှိမ်နင်းမှုတွေ ကို ကျယ်ကျယ်ပြန့်ပြန့် တိုးလုပ်ဖို့ ဆီးရီးယားနိုင်ငံတွင်း အမေရိကန် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဖို့နဲ့ အီရတ်နိုင်ငံတွင်း တိုက်ခိုက်မှုတွေ တိုးလုပ်ဖို့ အမိန့်ပေးခဲ့ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က ပြောခဲ့ပါတယ်။
