ဆလိုင်းလျန်မှုန်းပြောတဲ့ အပစ်ရပ်လက်မှတ်ထိုး ဖြစ်စဉ်
ရွှေအောင်
·
September 12, 2014
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ခုနဲ့ ဖွဲ့စည်းထားတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ)ရဲ့ ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
၂ ရက်ကြာ ဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆွေးနွေးပွဲကျင်းပတဲ့ ချင်းမိုင်က ဟိုတယ်တခုကို စက်တင်ဘာ ၁၁ရက်က ဒီဗီဘီက သွားရောက်မေးမြန်းရာမှာ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါကတာဆလိုင်းလျန်မှုန်းက ပြောပါတယ်။
ဒီနှစ်ရက် ဆွေးနွေးပွဲရလာဒ်နဲ့ အဖွဲ့ရဲ့ ရှေဆက်လက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တချို့ကို ပြောပြပါတယ်။
ဒေါကတာဆလိုင်းလျန်မှုန်းရဲ့ ပြောကြားချက်တချို့ကို သတင်းသွားယူခဲ့တဲ့ ကိုရွှေအောင်က စုစည်းတင်ဆက်ပေးထားပါတယ်။