Home
မြန်မာသတင်း
အဆောက်အဦ စံချိန်မမီရင် black list စာရင်းသွင်းရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌပြော
DVB
·
September 11, 2014
ဝန်ကြီးဌာနတွေရဲ့ အဆောက်အဦတွေကို သတ်မှတ်ထားတဲ့ စံချိန်စံညွှန်းအတိုင်း မဆောက်လုပ်တဲ့ ကုမ္ပဏီတွေကို Black list နာမည်ပျက်စာရင်းသွင်းတဲ့အထိ  ထိထိရောက်ရောက်အရေးသင့်တယ်လို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။ yangon buildingစက်တင်ဘာ ၁၁ ရက်နေ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပုံစံအတိုင်း စံချိန်စံညွှန်းနဲ့အညီ ပညာ သင်ကျောင်းတွေ ဆောက် လုပ်ဖို့ တပြေးညီ သတ်မှတ်ပေး ထားပေမယ့် စံချိန်စံညွန်း နဲ့ မကိုက်ညီ ဘဲ ဆောက်လုပ်တဲ့ ကန်ထရိုက်နဲ့ ကုမ္ပဏီတွေကို ဘယ်လိုစစ်ဆေးအရေးယူ သွားမလဲဆိုတဲ့ လွှတ်တော်အမတ် ဦးဖေသောင်းရဲ့မေးခွန်းကို  အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း သတ်မှတ်စာချုပ်ပုံစံအတိုင်း မဆောက်တဲ့ ကုမ္ပဏီတွေကို စာချုပ်ပါစည်းကမ်းအတိုင်း အရေးယူတာ blick list စာရင်းသွင်းတာ၊ ဥပဒေအရ တရားစွဲဆိုတာတွေကို ဆောင်ရွက်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသန့်ရှင်းက ပြောပါတယ်။ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ဆောက်လုပ်တဲ့ အဆောက်အဦတွေကို သက်ဆိုင်ရာဌာနနဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေက လုပ်ငန်းအပ်နှံ သဘောတူစာချုပ်ချုပ်ဆို လက်မှတ်ထိုး ဆောက်ရွက်ကြတာ ဖြစ်ပြီး စံချိန်စံညွန်းနဲ့ မညီတာတွေ၊ လုပ်ငန်း သဘောတူစာချုပ် အတိုင်း မဖြစ်မြောက်တဲ့ လုပ်ငန်းတွေ ရှိလာတဲ့အတွက် အခုလို အရေးယူဆောင်ရွက်မှုအခြေအနေကို ချမှတ်တော့မှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024