Home
သတင်းဓာတ်ပုံ
ဝ တပ်ဖွဲ့က သိမ်းဆည်း မူးယစ်ဆေးများ မူးယစ်တပ်ဖွဲ့ထံ ပေးအပ်
DVB
·
September 11, 2014
  ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ် ယူဒဗလျူအက်စ်အေ ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲမှာ သိမ်းဆည်းရမိတဲ့ ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၁၈၀၀ နီးပါးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို  ၀ တပ်ဖွဲ့က နယ်မြေခံ မြန်မာမူးယစ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ တာချီလိတ်အထူးမူးယစ်ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ အဲဒီမူးယစ်ပစ္စည်းတွေမှာ ဘိန်းဖြူ  ၇ ဒသမ ၃ ကီလိုဂရမ်၊ ဒဗလျူဝိုင် တံဆိပ် ရာဘစိတ်ကြွဆေး ၁၈၀၀၊ အစိမ်းရောင်စိတ်ကြွဆေး ၁၄၀၀၊ ပန်းရောင်စိတ်ကြွဆေးမှုန့် ၄၈၀ ဂရမ်နဲ့ အခြား အဖြူရောင်၊ အနီရောင်၊ အ၀ါရောင် ဆိုးဆေး၊ ရာဘဆေးပြားထည့် ပလတ်စတစ်အိတ်တွေပါဝင်ပြီး ပြီးခဲ့တဲ့ သြဂုတ်လလယ်လောက်က နားယောင်းကျေးရွာအုပ်စု မယ်ကြုတ်ချောင်းထဲကနေ မျောပါလာတာလို့ ၀ တပ်ဖွဲ့က ပြောကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးတွေကို ယူဒဗလျူအက်စ်အေ တပ်မဟာ ၇၇၅ -တပ်မဟာမှူး ဦးယန်ကွယ်ချုံနဲ့ အဖွဲ့ဝင်တွေက    မိုင်းကန်း ၀ မြို့နယ်အုပ်ချုပ်ရေးရုံးမှာ  မူးယစ်တပ်ဖွဲ့စု (၂၉/၃၀) က  ရဲအုပ် ဘုန်းကျော်ဦးထံ  စက်တင်ဘာ ၁၀ ရက်နေ့ မနက်ပိုင်းက လွှဲပြောင်းပေးအပ်ခဲ့ပြီး ပစ္စည်းပိုင်ရှင်တွေကို ဖော်ထုတ်အရေးယူဖို့ တရားလိုအဖြစ် တိုင်တန်းခဲ့တယ်လို့  ဆိုပါတယ်။ ခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တလျှောက် မူးယစ်ဆေးဝါးတွေ ဆက်တိုက်ဖမ်းမိနေတာပါ။ စက်တင်ဘာ ၁၀ ရက်နေ့က တာချီလိတ်မြို့နယ် လွယ်တော်ခမ်း စစ်ဆေးရေးဂိတ်မှာရော၊ ဖန်မင်ကျေးရွာအုပ်စု ဧဒင်ရွာမှာပါ စိတ်ကြွဆေးပြား အလုံးရေ ၁၀၀ ကျော်နဲ့အတူ ရောင်းဝယ်သူ စုစုပေါင်း ၅ ဦးကို မူးယစ်မှုနဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ တာချီလိတ်ခရိုင်ရဲစခန်းက ထုတ်ပြန်ထားပါတယ်။ [gallery ids="64736,64737,64738,64739,64740,64741,64742,64743,64744,64745,64746,64747,64748,64749,64750,64751,64752,64753,64754,64755,64756,64757,64758,64759,64760"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024