မြန်မာ-ဗီယက်နမ် ဆီမီးဖိုင်နယ်ပွဲစဉ် အချိန်ပြောင်း

[caption id="attachment_64647" align="alignright" width="300"]Myanmar U19 ဓာတ်ပုံ - မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်[/caption] ၂၀၁၄ အာဆီယံ ယူ ၁၉ ချန်ပီယံရှစ် ဆီမီးဖိုင်နယ်ပွဲအဖြစ် မြန်မာယူ ၁၉ အသင်းနဲ့ ဗီယက်နမ် ယူ ၁၉ အသင်းတို့ ယှဉ်ပြိုင်ကစားမယ့်အချိန်ကို စက်တင်ဘာ ၁၁ ရက်နေ့ ညနေ ၄ နာရီအစား ည ၆း၄၅ နာရီကို ပြောင်းလဲလိုက်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကြေညာထားပါတယ်။ အိမ်ရှင်နိုင်ငံရဲ့ ပရိသတ်တွေ အဆင်ပြေစေရေးအတွက် အသင်းမန်နေဂျာတွေနဲ့ မနေ့က ညှိနှိုင်းတိုင်ပင်ပြီး အခုလို အချိန်ပြောင်းလိုက်တာလို့ ဆိုပါတယ်။ ဒါကြောင့် ဆီမီးဖိုင်နယ် ပထမပွဲစဉ်အဖြစ် ညနေ ၄ နာရီမှာ ဂျပန်နဲ့ထိုင်း၊ ည ၆း၄၅ နာရီမှာ မြန်မာနဲ့ ဗီယက်နမ်အသင်းတို့ ဗီယက်နမ်နိုင်ငံ my dinh အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ မြန်မာအသင်းယှဉ်ပြိုင်မယ့် ပွဲစဉ်တွေကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက်ထုတ်လွှင့်ပြသွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up