တူရကီတွင် လှေမြုပ်၊ တရားမ၀င်ရွှေ့ပြောင်းသူ ၃၅ ဦးကို ကယ်တင်နိုင်

တူရကီနိုင်ငံ အနောက်ပိုင်း အေဂျီယမ်ကမ်းရိုးတန်းရဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှေ ၁ စီး နစ်မြုပ်ခဲ့လို့ အဲဒီလှေက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၃၅ ယောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ တူရကီအရာရှိတွေက စက်တင်ဘာ ၈ ရက်နေ့က ပြောပါတယ်။ turkishဆီးရီးယားနဲ့ အီရီထရီးယားနိုင်ငံက အမျိုးသမီးတွေနဲ့ ကလေးတွေ ပါတဲ့ ရွှေ့ပြောင်းနေ ထိုင်သူတွေကို ကမ်းရိုးတန်းစောင့်အဖွဲ့က ကယ်ခဲ့ပြီး တူရကီလုံခြုံရေး အရာရှိတွေဆီ လွှဲပေးခဲ့တယ်လို့ အစ်ဇ်မီယာခရိုင် အုပ်ချုပ်ရေးမှူးက ကြေညာချက် ထုတ်ပြန်ပါတယ်။ ကယ်ဆယ်ရေးရုပ်သံတွေကိုလည်း အုပ်ချုပ်ရေးမှူးရုံးက ဖြန့်ချိပါတယ်။ စက်တင်ဘာ ၅ ရက်ကနေ ၇ ရက်နေ့ထိ တူရကီကမ်းရိုးတန်းတလျှောက် ကယ်ဆယ်ရေးလုပ်ငန်းအမျိုးမျိုး အတွင်း ရွှေ့ပြောင်းနေထိုင်သူ ၃၈၅ ယောက်ကို ကယ်ဆယ်ခဲ့ရတယ်လို့ ကြေညာချက်က ဆိုပါတယ်။ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအသင်းကတော့ “တူရကီရဲ့ မြေမျက်နှာပြင် အနေ အထားက အာရှနဲ့ ဥရောပကြား တံတားလို ဖြစ်နေပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင် ချမ်းသာ ပါတယ်။ ဒါကြောင့် အရှေ့အလယ်ပိုင်း၊ တောင်အာရှနဲ့ အာဖရိက ရွှေ့ပြောင်း နေထိုင်သူတွေအတွက် ပန်းတိုင် ဒါမှမဟုတ် ဥရောပဆီ ကြားခံစခန်း ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒီအနေအထားကြောင့်လဲ လူကုန်ကူးမှုတွေအတွက် အဓိကနေရာ ဖြစ်နေတယ်” လို့ ဆိုပါတယ်။ ဒီအသင်းဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေအရေးကို ဖြေရှင်းဖို့ အစိုးရကို ကူညီနေပါတယ်။ နှစ်စဉ် ထောင်သောင်းချီနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ တူရကီနိုင်ငံကတဆင့် ဂရိပင်လယ်နဲ့ ကုန်းလမ်းနယ်စပ်တွေကို ဖြတ်သန်းလေ့ ရှိပါတယ်။

More News
Up