ပျောက်ဆုံး MH 370 ကို အစွမ်းကုန် ဆက်ရှာမည်ဟု သြစတြေးလျ ကတိပြု

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က သြစတြေးလျ ရေတပ်က ပျောက်ဆုံးလေယာဉ် ရှာဖွေစဉ်
သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘ်ဘော့ဟာ ပျောက်ဆုံးနေဆဲ မလေးရှားလေယာဉ် MH 370 ကို ရှာဖွေရေးအတွက် သြစတြေးလျက လုပ်နိုင်သမျှ အကုန်လုပ်မယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီကို ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲ အတွင်း ထပ်မံကတိပြုလိုက်ပါတယ်။ [caption id="attachment_64549" align="alignright" width="300"]ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က သြစတြေးလျ ရေတပ်က ပျောက်ဆုံးလေယာဉ် ရှာဖွေစဉ် ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်နေ့က သြစတြေးလျ ရေတပ်က ပျောက်ဆုံးလေယာဉ် ရှာဖွေစဉ်[/caption] သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ သြစတြေးလျ - တရုတ်အစည်းအဝေး အပြီး သြစတြေး လျဝန်ကြီးချုပ်က ခုလို ပြောလိုက် တာ ဖြစ်ပါတယ်။ တရုတ်နိုင် ငံခြားရေးဝန်ကြီး ကတော့ “လေယာဉ်ကို မတွေ့မချင်းရှာဖို့နဲ့ အဖြစ်မှန်ကို သိအောင် လုပ်ဖို့ သြစတြေးလျက လေယာဉ်ပျောက်ကို ဆက်ရှာမယ်လို့ သြစတြေးလျ ၀န်ကြီးချုပ်က ထပ်ပြောလိုက်ပါပြီ။ တရုတ်လူမျိုး အားလုံးအတွက် အထူးနေ့ပါပဲ။ မိသားစုတွေ ပြန်ဆုံစည်းတဲ့ ဆောင်းဦးပွဲတော်နေ့မှာ ဝန်ကြီးချုပ်ရဲ့ သဘောထားဟာ မိသားစုတွေအတွက် စာနာ စကားပါ။ တရုတ်အစိုးရဟာ သြစတြေးလျ၊ မလေးရှားအစိုးရတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ သြစတြေးလျနိုင်ငံကို ၃ ရက်ကြာ အလည်အပတ်ခရီးနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်နေ့က ရောက်နေတာပါ။ တရုတ်နဲ့ သြစတြေးလျ ဆက်ဆံရေးဟာ အပြန်အလှန် ယုံကြည်မှုနဲ့ အပြန်အလှန် အကျိုးစီးပွားအတွက် ဆက်လုပ်စရာတွေ လိုနေသေးတယ်လို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနဲ့ မတွေ့ခင်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီက ပြောခဲ့ပါတယ်။ ခရီးသည် ၂၃၉ ယောက်ကို တင်ဆောင်ထားတဲ့ လေယာဉ်ဟာ မတ် ၈ ရက်နေ့က ကွာလာလမ်ပူလေဆိပ်ကနေ ပေကျင်းလေဆိပ်ကို သွားဖို့ ပျံတက်ပြီး ၁ နာရီလောက်အကြာမှာ ရေဒါစက်ကွင်းကနေ ပျောက်သွားခဲ့တာ ဖြစ်ပါတယ်။

More News
Up