အာဖဂန်တွင် မုဒိမ်းကျင့်လုယက်မှုဖြင့် အမျိုးသား ၇ ဦးကို သေဒဏ်စီရင်

အာဖဂန်နစ္စတန်တရားရုံးကမင်္ဂလာဆောင်က ပြန်လာတဲ့ အမျိုးသမီးအုပ်စုတစုကို အုပ်စုလိုက် မုဒိမ်းကျင့် လုယက်မှုနဲ့  အမျိုးသား ၇ ဦးကို ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက်နေ့က သေဒဏ်စီရင်လိုက်ပါတယ်။ Five of seven men convicted of raping and robbing appear at a court in Kabulဒီလိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဟာ တမြို့လုံးကို တုန်လှုပ်စေခဲ့ပြီး အကူးအပြောင်းကာလ အများပြည်သူ ဘေး ကင်းရေးအတွက် စိုးရိမ်မှုတွေ ကို မြင့်တက်စေ ခဲ့ပါတယ်။ အရင်လက ကဘူးလ်မြို့တော်ရဲ့ အပြင်ဘက်က ပါဂါမာနီခရိုင်မှာ မိသားစုတွေနဲ့အတူ ခရီးထွက်လာတဲ့ အမျိုးသမီးတွေပါတဲ့ ယာဉ်တန်းကို ရဲဝတ်စုံဝတ် ရိုင်ဖယ်သေနတ်ကိုင်ထားတဲ့ အမျိုးသားအုပ်စုက တားခဲ့တာလို့ ရဲတွေက ပြောပါတယ်။ လက်နက်ကိုင်တွေဟာ ကားတွေထဲက အမျိုးသမီး ၄ ယောက်ကို ညသန်းခေါင်မှာ ဆွဲထုတ်ခဲ့ပြီး အဝေးပြေးလမ်းမကြီးဘေးက လယ်ကွင်းထဲမှာ မုဒိမ်းကျင့်ခဲ့တဲ့အပြင် ရိုက်နှက်ခဲ့ပြီး သူတို့ရဲ့လက်ဝတ်လက်စားတွေနဲ့ လက်ကိုင်ဖုန်းတွေကို လုခဲ့ပါတယ်။ အာဖဂန်တရားရုံးချုပ် တရားသူကြီး ဆိဖ်အူလား မူဂျာဒီဒီက ကျူးလွန်သူတွေကို ပြည်တွင်းနဲ့ ပြည်ပ ရာဇဝတ်မှု ဆန့်ကျင်ရေးဥပဒေ ပုဒ်မ ၁၅ အရ သေဒဏ်စီရင်ခဲ့ပြီးပြီလို့ ပြောပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံတွင်း ရှေးရိုးစွဲလူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေကျပေမယ့် အများစုက အိမ်တွင်းမှာပဲ ဖြစ်ပွားလေ့ရှိတာပါ။ လက်နက်ကိုင်တွေရဲ့ အုပ်စုလိုက် မုဒိမ်းကျင့်မှုကတော့ ရှားပါတယ်။ ရာနဲ့ချီတဲ့ လူ့အခွင့်အရေးနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူတွေ လမ်းပေါ် ထွက်လာခဲ့ကြပြီး ဒီအမှုကို ဆန့်ကျင်ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ လူ့အခွင့်အရေး သုတေသနပညာရှင် အူမာ ဆာအိက တခြားအမှုတွေလိုပဲ ဒီအမှုကို အပြစ်မပေးရင် ဒါမျိုးတွေ ဆက်ဖြစ်နေပြီး အာဖဂန်အမျိုးသမီးတွေ ဓားစာခံ ဆက်ဖြစ်နေဦးမှာပဲလို့ ပြောပါတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း တက်ကြွလှုပ်ရှားသူ နာဒီယာ ဘာဘိုဒီက “မွတ်စလင်လူ့အဖွဲ့အစည်းမှာ အမျိုးသမီးတယောက်ကို လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်ရင် မသေမချင်း ခဲနဲ့ ပေါက်သတ်တယ်။ အခု ကျူးလွန်သူတွေကိုလည်း လူပုံအလယ် သေဒဏ်ပေးမှုနဲ့ စီရင်သင့်တယ်” လို့ တောင်းဆိုပါတယ်။ ဒီအမှုကြောင့် သမ္မတ ဟာမစ်ကာဇိုင်းက အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ကို အရင်အပတ်က တွေ့ဆုံခဲ့ပြီး ကျူးလွန်သူတွေ သေဒဏ်ခံရလိမ့်မယ်လို့ ပြောခဲ့ပါတယ်။ ပြစ်မှု ကျူးလွန်သူတွေကတော့ တရားစီရင်မှုကို အဆင့်မြင့်တရားရုံမှာ အယူခံနိုင်ပါတယ်။ ဒါပေမယ့် အာဖဂန်သမ္မတ ကာဇိုင်းကတော့ အာဖဂန်ဥပဒေအရ သေဒဏ်ကို အတည်ပြု လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up