ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း ၁၂ နိုင်ငံက စိတ်ဝင်စား
DVB
·
September 8, 2014
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း စိတ်ဝင်စားလွှာ တင်သွင်းထားသူ တွေထဲက မြန်မာ့မီးရထားက ရွေးချယ်ထားသူတွေကို တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်ဖို့ အကြောင်းကြားထားပြီး ဒေါ်လာ ၃သောင်းစီ ပေးသွင်းဖို့ ၀န်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။
မြန်မာ့မီးရထား က ခေါ်ယူတဲ့ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး မလေးရှား၊ အီတလီ၊ တရုတ်၊ ကာတာ၊ ပြင်သစ်နဲ့ ဂျပန် အပါအ၀င် နိုင်ငံ ၁၂ နိုင်ငံက အဆိုပြုလွှာ ၃၄ စောင် ရရှိခဲ့တယ်လို့ မြန်မာ့မီးရထားက ဖော်ပြထားပါတယ်။
အဲဒီ အဆိုပြုလွှာတွေထဲက တင်ဒါ ပြိုင်ခွင့်ရတဲ့ ကုမ္ပဏီတွေကို ရွေးချယ် အကြောင်းကြားခဲ့ပြီးပြီမို့ ဒေါ်လာ ၃သောင်းစီ တင်သွင်းဖို့ နှိုးဆော်တာ ဖြစ်ပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကုမ္ပဏီအနေနဲ့ တင်ဒါမအောင်ခဲ့ရင် အဲဒီ ဒေါ်လာ ၃ သောင်းကို ပြန်ပြီး ထုတ်ပေးမှာ မဟုတ်ဘူးလို့ မြန်မာ့မီးရထားက ကြေညာထားပါတယ်။