ဖိလစ်ပိုင် ငြိမ်းချမ်းရေးဖလားချန်ပီယံ မြန်မာအသင်း (ဓာတ်ပုံ)

၂၀၁၄ ဖိလစ်ပိုင် ငြိမ်းချမ်းဖလား ချန်ပီယံဆုရှင် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဒီနေ့မနက် ပြန်လည် ရောက်ရှိလာပါတယ်။ မြန်မာဘောလုံးအသင်းဟာ ရန်ကုန်လေဆိပ်ကနေ မြို့ထဲမှာ လှည့်လည်အောင်ပွဲခံပြီး ဝေဇယန္တလမ်းမကြီးကတဆင့် သုဝဏ္ဍကွင်းကို ချန်ပီယံ ဆုဖလားနဲ့အတူ သွားရောက်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့မှာ စက်တင်ဘာ ၆ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ PFF Peace Cup 2014 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲမှာ မြန်မာ့လက်ရွေးစင်အသင်းက ဖိလစ်ပိုင်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့တာပါ။ [gallery ids="64454,64455,64456,64457,64458,64459,64460,64461,64462,64463,64464,64465,64466,64467"]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up