မြေပုံမြို့နယ်တွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူ ၁၀၀၀ ခန့်ရှိ
DVB
·
September 8, 2014
ရခိုင်ပြည်နယ်ရှိ၊ မြေပုံမြို့နယ်မှာ နိုင်ငံသားဖြစ်ခွင့်အတွက် လျှောက်ထားသူ အစ္စလာမ်ဘာသာဝင်အယောက် ၁၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။
[caption id="attachment_60929" align="alignright" width="300"] ရခိုင်ပြည်နယ်ရှိ မြေပုံဒုက္ခသည်စခန်းအားမြင်တွေ့စဉ်[/caption]
အဲဒီလျှောက်လွှာတွေ ထဲကမှ ပြည်ထောင်စု အဆင့် ဆက်လက်စိစစ် သွားဖို့ လျှောက်လွှာ ၁၇၀ ဝန်းကျင်လောက် ကို ပေးပို့ထားတယ်လို့ ရခိုင်ပြည်နယ် လဝက ကနေ သိရပါတယ်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်မှုလုပ်ငန်းတွေ ကို မြေပုံမြို့နယ်မှာ စမ်းသပ် ဧရိယာအဖြစ် ဆောင်ရွက်နေခဲ့တာ ဖြစ်ပြီး ဒီလုပ်ငန်းတွေကို လာမယ့်နိုဝင်ဘာလမှာ အပြီးစိစစ်သွားမယ်လို့ သိရပါတယ်။