မြန်မာ့လက်ရွေးစင်အသင်း အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ပြီလား (မေးမြန်းချက်)
ရွှေအောင်
·
September 7, 2014
ဖိလစ်ပိုင်ငြိမ်းချမ်းရေးဖလား ရသွားတဲ့ မြန်မာ့လက်ရွေးစင်အသင်းကြီး အောင်မြင်မှု လမ်းကြောင်းပေါ် ရောက်ပြီလားဆိုတာကို စောင့်ကြည့်ဖို့ လိုအုန်းမယ်လို့ အားကစား ကလောင်ရှင် ကိုစိုးညီက ပြောပါတယ်။
ဒီအသင်းဟာ ဒီနှစ်ကုန်ကျင်းပဖို့ရှိတဲ့ ဆူဇူကီးဖလားပြိုင်ပွဲအတွက် အဓိကထား လေ့ကျင့်နေတဲ့ အသင်းဖြစ်ပြီး တသင်းလုံးမှာ နေရာအနှံ့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း သူက သုံးသပ်ပါတယ်။
အားကစားကလောင်ရှင် ကိုစိုးညီကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင် က ဆက်သွယ်မေးမြန်းထားပါတယ်။