မြန်မာတွင် ဘေ့စ်ဘောအားကစား ကျယ်ပြန့်အောင် လုပ်မည့် ဂျပန်ကလပ်အသင်းက မြန်မာပြည်သား

ဂျပန်နိုင်ငံ Kagawa olive Guyners (IL) မှာ ကစားနေတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦး
ဂျပန်နိုင်ငံ ကာဂါဝ အိုလိ ဂိုင်းနာစ်အသင်း (Kagawa olive Guyners (IL) မှာ ကစားနေတဲ့ အသက် ၂၄ နှစ်အရွယ် မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦးက မိခင်အသင်း အကူအညီနဲ့ စက်တင်ဘာ ၅ ရက်နေ့က စတင်ကာ အင်တာနက်ကနေ အလှူငွေ စတင်ကောက်ခံနေပါတယ်။ [caption id="attachment_64393" align="alignright" width="300"]ဂျပန်နိုင်ငံ Kagawa olive Guyners (IL) မှာ ကစားနေတဲ့ မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦး ဂျပန်နိုင်ငံ Kagawa olive Guyners (IL) မှာ ကစားနေတဲ့ မြန်မာ့ပထမဦးဆုံး ဘေ့စ်ဘောသမား ကိုဇော်ဇော်ဦး[/caption] မိခင်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဘေ့(စ်)ဘော အားကစားသမား အယောက် ၅၀ ခန့်သာ ရှိနေသေးလို့ မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်အောင် လုပ်ချင်တဲ့ ကိုဇော်ဇော်ဦးရဲ့ ပြင်းပြတဲ့ ဆန္ဒကို ဂျပန်မိခင်အသင်းက ဆောင်ရွက်ပေးတာပါလို့ ပြောပါတယ်။ အလှူငွေကို အနည်းဆုံး ဂျပန်ယန်း ၃ ထောင်သတ်မှတ်ထားပြီး အောက်တိုဘာလ ၁၉ ရက်နေ့အထိ ကောက်ခံမှာပါ။ ရည်မှန်းငွေ မြန်မာငွေ သိန်း ၁၅၀ နီးပါးဖြစ်ပါတယ်။ ကာဂါဝ အိုလိဘိ ဂိုင်းနာစ် အသင်းဟာ ဂျပန်နိုင်ငံရဲ့ ထင်ရှားတဲ့ Shikoku Island League plus မှာ ၂၀၀၅ ခုနှစ်က စတင်လို့  ၈ နှစ်အတွင်း ၅ ကြိမ် ချန်ပီယံဆု ရရှိထားတာပါ။ ကိုဇော်ဇော်ဦးဟာ ရန်ကုန်မှာ မွေးဖွားပြီး အသက် ၅ နှစ်သားအရွယ်မှာ ဖခင်ဆုံးပါးခဲ့လို့ ဆင်းရဲကျပ်တည်းစွာ ကြီးပြင်းခဲ့ရပါတယ်။ အန်ဂျီအိုအနေနဲ့ မြန်မာကလေးတွေကို စုစည်းပြီး လေ့ကျင့်ပေးနေသူ ဂျပန်လူမျိုး ကုလ အရာရှိဟောင်း အီဝဆခီ တိုရုစံနဲ့အသက် ၁၁ နှစ်မှာ တွေ့ဆုံကာ ဘေ့စ်ဘောပညာကို စတင် လေ့ကျင့်ကစားခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ဂျပန်မှာကစားဖို့ ရွေးချယ်ခေါ်ယူခဲ့တာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up