Homeမေးမြန်းခန်း
တိုင်းရင်းသားဒေသတွေမှာ မဲများသူအနိုင်ယူစနစ် FPTP စနစ်ကျင့်သုံးဖို့ရှိ(ကော်မရှင်အဖွဲ့ဝင် ဦးအောင်ဇင်နှင့် မေးမြန်းချက်)
တိုင်းရင်းသားဒေသတွေမှာ မဲများသူအနိုင်ယူစနစ် FPTP စနစ်ကျင့်သုံးဖို့ရှိ(ကော်မရှင်အဖွဲ့ဝင် ဦးအောင်ဇင်နှင့် မေးမြန်းချက်)
ရွှေအောင်
·
September 6, 2014
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်ဟာ ဘယ်စနစ်နဲ့ သင့်တော်တယ်ဆိုတဲ့ ကော်မရှင်ရဲ့အစီရင်ခံစာကို လာမယ့် စက်တင်ဘာ ၁၅ ရက်လောက် လွှတ်တော်တင်နိုင်မယ်လို့ ကော်မရှင်အဖွဲ့ဝင် ဦးအောင်ဇင်က ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ မဲများသူအနိုင်ယူစနစ် FPTP ကို တိုင်းရင်းသား ပြည်နယ်တွေမှာ ဆက်သုံးသွားဖို့ရှိပြီး တခြားတိုင်းတွေမှာတော့ FPTP စနစ်နဲ့ ပီအာ ခေါ် အချိုးကျကိုယ်စားပြုစနစ် ပေါင်းစပ်ထားတဲ့ စနစ်တခု ကျင့်သုံးသွားမယ့် ရွေးကောက်ပွဲစနစ်တွေ ပေါ်ပေါက်လာဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်မှာ ရွေးကောက်ပွဲမှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုတင်ခဲ့တဲ့ ပုစွန်တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ကို ဒီဗွီဘီ ၀ိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။