ဥရောပ အရှေ့ပိုင်းဒေသတွင် ကာကွယ်ရေးတိုးမြှင့်ရန် နေတိုး အတည်ပြု

နေတိုး စစ်မဟာမိတ်အဖွဲ့ (ဓာတ်ပုံ - ရိုက်တာ)
ဥရောပ အရှေ့ပိုင်းဒေသမှာ ကာကွယ်ရေးကို မြှင့်တင်သွားဖို့ ကျယ်ပြန့်တဲ့ အစီအစဉ်ကို နေတိုး စစ်မဟာမိတ်အဖွဲ့က စက်တင်ဘာလ ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ သဘော တူညီချက်ထဲမှာ ကြည်းတပ်သားအင်အားထောင်ပေါင်းများစွာ ပါဝင်မယ့် ရှေ့တန်း မြေပြင်တပ်ဖွဲ့ကို ဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။ [caption id="attachment_64384" align="alignright" width="300"]နေတိုး စစ်မဟာမိတ်အဖွဲ့ (ဓာတ်ပုံ - ရိုက်တာ) နေတိုး စစ်မဟာမိတ်အဖွဲ့ (ဓာတ်ပုံ - ရိုက်တာ)[/caption]ဗြိတိန်နိုင်ငံ ဝေလပြည်နယ်မှာ ကျင်းပတဲ့နေတဲ့ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်ဟာ အမေရိကန် ခေါင်းဆောင်တဲ့ မဟာမိတ်တွေက ရုရှားရဲ့ စွက်ဖက်မှုတွေကနေ ယူကရိန်းကို ကာကွယ်ပေးမယ်ဆိုတာကို အာမခံလိုက်တာလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်က ပေးတဲ့ သတင်းစကားကတော့ နေတိုးအဖွဲ့ဟာ မဟာမိတ်တွေအားလုံးကို ဘယ်တော့မဆို အကာအကွယ်ပေးသွားမယ်။ ရန်စချင်တဲ့ သူတွေဟာလည်း မဟာမိတ် အဖွဲ့ထဲက တယောက်ကိုထိရင် တဖွဲ့လုံးနဲ့ ရင်ဆိုင်ရမယ်ဆိုတာကို စဉ်းစားဖို့ ရှင်းရှင်းလင်းလင်းပဲ သတင်းစကား ပါးလိုက်တာပါပဲလို့ နေတိုး အတွင်းရေးမှူးချုက ပြောပါတယ်။ အသစ်ဖွဲ့မယ့် မြေပြင်တပ်ဟာ ရက်အနည်းငယ်အတွင်းမှာ ရှေ့တန်းကို စေလွှတ်နိုင်မှာ ဖြစ်ပြီး လေတပ်၊ ရေတပ်နဲ့ အထူးထပ်ဖွဲ့တွေကလည်း ထောက်ပံ့ပေးထားမယ်လို့ဆိုပါတယ်။ လက်ရှိ နေတိုးတပ်ဖွဲ့ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ စတင်ဖို့ ၅ ရက် အချိန်ယူရပေမယ့် အခု ပထမဆုံး အသစ် ဖွဲ့စည်းမယ့် ရှေ့တန်း တပ်ဖွဲ့သစ်မှာ အင်အား ငါးထောင်ပါဝင်ဖွယ် ရှိပြီး ၂ ရက်အတွင်းမှာ စစ်ရေးတုံ့ပြန်မှုတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ အဖွဲ့သစ်ဟာ လိုအပ်မယ်ဆိုရင် လက်ရှိ တပ်ဖွဲ့တွေကိုလည်း စစ်ကူအင်အား ဖြည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ မတ်လမှာ ယူကရိန်းအပိုင် ခရိုင်းမီးယားဒေသကို ရုရှားက ကျူးကျော်ခဲ့တဲ့ကိစ္စ၊ ယူကရိန်း ခွဲထွက်ရေး သူပုန်တွေကို ရုရှားက ဗြောင်ကျကျ ထောက်ပံ့နေတဲ့ အခြေအနေကြောင့် နေတိုးအဖွဲ့ရဲ့ လုံခြုံရေးမဟာဗျူဟာတွေကို စ၊ လယ်၊ အဆုံး ပြုပြင်ဖို့ ဖြစ်လာတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up