Home
စီးပွားရေး
ဆင်းကတ် ရောင်းချမှု ပြဿ နာများ ဖြစ်ပေါ်
DVB
·
September 5, 2014
MPTမြန်မာ့ဆက်သွယ်ရေးက ထုတ်ဝေတဲ့ ကျပ် ၁၅၀၀ တန် 3G ဂျီအက်စ်အမ် မိုဘိုင်းဖုန်း ဆင်းကတ်တွကို ကိုယ်စားလှယ် အရောင်းဆိုင်တွေကနေတဆင့် ရောင်းချပေးခဲ့ရာမှာ ၀ယ်ယူသူ အလွန်များပြီး ရန်ကုန်မြို့ ဆိုင်တချို့မှာ ပြဿ နာပေါ်ခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတွေက ပြောပါတယ်။ စက်တင်ဘာ ၄ ရက်နေ့က ပန်းဆိုးတန်းလမ်း O2 ဖုန်းဆိုင်မှာ ဆင်းကတ်ဝယ်ဖို့ မနက်မိုးမလင်းခင်ကတည်းက လာရောက်စောင့်ဆိုင်းနေတဲ့ ရာနဲ့ချီတဲ့ လူတွေဟာ ဆိုင်ဖွင့်ပြီး ဆင်းကတ် နည်းနည်းပဲ ရောင်းပေးတဲ့အတွက် မကျေမနပ်ဖြစ်ပြီး ဆူပူမှု လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဆူပူမှုကြောင့် ဖုန်းဆိုင်ရော၊ အနီးအနားက လျှပ်စစ်ပစ္စည်း ဆိုင်တွေပါ ပိတ်လိုက်ရတယ်လို့ ဆိုပါတယ်။ အလားတူ စက်တင်ဘာ ၃ ရက်နေ့ကလည်း မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက အီလိုက် အရောင်းဆိုင်မှာ ဖုန်းလာဝယ်ပေမယ့် ဆင်းကတ် မရသူတွေရဲ့ မှတ်ပုံတင် မိတ္တူစာရွက်တွေကို ဆိုင်ရှေ့မှာ စက္ကူဘူးနဲ့ ချထားပေးရာကနေ လမ်းပေါ်ပျံ့ကြဲခဲ့လို့ ပြည်သူတချို့ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။ လောလောဆယ် မြန်မာ့ဆက်သွယ်ရေးက ဆင်းကတ်တွေဟာ နိုင်ငံအနှံ့သုံးစွဲနိုင်တာကြောင့် ပြည်သူတွေ အလုအယက် ၀ယ်ယူနေကြတာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024