ရန်ကုန်-မန္တလေးအမြန်လမ်း အထူဂရုပြု မောင်းနှင်ရမည့် နေရာများ ကြေညာ
DVB
·
September 4, 2014
ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ခရီးသွားပြည်သူတွေ အထူးဂရုပြုဆင်ခြင် မောင်းနှင်ရမယ့် မိုင်တိုင် နေရာ ၁၄ နေရာကို အမြန်လမ်းရဲတပ်ဖွဲ့က သတ်မှတ် ကြေညာလိုက်ပါတယ်။
ယာဉ်မတော်တဆမှုတွေ မဖြစ်စေဖို့ ရည်ရွယ်ပြီး မိုးရွာ ရေဝပ်တတ်တဲ့နေရာတွေကို မိုင်တိုင်အလိုက် အမြန်လမ်းရဲ တပ်ဖွဲ့က နိုင်ငံပိုင် သတင်းစာတွေကနေ ထုတ်ပြန်ကြေညာ ထားတာပါ။
ထုတ်ပြန်ချက်မှာပါ ရေဝပ်နိုင်တဲ့နေရာတွေက တော့ ပဲခူး နဲ့ကျောက်တံခါး မြို့နယ်တွင်းမှာ ၃ နေရာ စီ၊ ဒိုက်ဦးနဲ့ ရေတာရှည်မြို့နယ်အတွင်း မှာ ၂ နေရာ စီ၊ လှည်းကူး၊ ဒက္ခိဏသီရိနဲ့ ဖြူးမြို့နယ်အတွင်းမှာ တနေရာစီတို့ ဖြစ်ပါတယ်။
၂၀၀၉ က စတင်ဖွင့်လှစ်ခဲ့တဲ့ မိုင် ၃၀၀ ကျော် ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်မှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်အတွင်း ယာဉ်မတော်မဆမှုများကြောင့် သေဆုံးသူ ၂၅၀ ကျော်နဲ့ ဒဏ်ရာရသူ ၈၀၀ ကျော် ရှိခဲ့တယ်လို့ မှတ်တမ်းများအရ သိရပါတယ်။