အမ်စတာဒန်- ရန်ကုန် လေကြောင်းပြေးဆွဲမည်
DVB
·
September 4, 2014
ဥရောပတိုက် နယ်သာလန် နိုင်ငံနဲ့ မြန်မာနိုင်ငံအကြား လေကြောင်းခရီးစဉ်တွေ ပျံသန်းဖို့ ပမာဏ သဘောတူညီချက်တွေ ရထားပြီလို့ လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန တာဝန်ရှိသူတစ်ယောက်က ဒီဗွီဘီ ကို အတည်ပြုပြောဆိုပါတယ်။
လာမယ့် ၂၀၁၅ ကျရင် နယ်သာလန်လေကြောင်းဟာ အမ်စတာဒန်-ရန်ကုန်- အမ်စတာဒန် ခရီးစဉ်ကို ပြေးဆွဲမှာဖြစ်ပြီး တပတ်ဘယ်နှကြိမ် ပြေးဆွဲမယ် ဆိုတာတော့ ညှိနှိုင်းထားတာ မရှိသေးဘူးလို့ သူက ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့အပတ်က ဥရောပတိုက် တူရကီ နိုင်ငံနဲ့ လေကြောင်းပျံသန်းရေး အကြိုသဘောတူ စာချုပ်တွေ ချုပ်ထားခဲ့ပြီး နယ်သာလန်နဲ့ စာချုပ်ချုပ်တာကတော့ ဥရောပ နိုင်ငံတခုနဲ့ ဒုတိယမြောက် လေကြောင်း သဘောတူ စာချုပ် ချုပ်ဆိုခြင်း ဖြစ်ပါတယ်။