လစ်ဗျားစစ်လေယာဉ်တစီး အဆောက်အဦများပေါ် ပျက်ကျ

လစ်ဗျားနိုင်ငံမြောက်ပိုင်းက တိုဘရွတ်ခ်မြို့မှာ စစ်လေယာဉ်တစီး အဆောက်အဦ တွေပေါ်ကို ပျက်ကျမှုကို မှတ်တမ်းတင်ထားတာဆိုတဲ့ ရုပ်သံတခု လူမှုကွန်ရက် မီဒီယာတွေပေါ် ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့ကရောက်လာပါတယ်။ Libyaတိုဘရွတ်ခ်မြို့အရှေ့ဘက်က လူနေရပ်ကွက်ပေါ် စစ်လေယာဉ်ပျက်ကျမှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၉ ယောက် ဒဏ်ရာရတယ်လို့ ဒေသခံတွေနဲ့ ဆေးဘက်ဝန်ထမ်းတွေက ပြောပါတယ်။ လေယာဉ်ဟာ လွှတ်တော်ကနေ ၁ ကီလိုမီတာအကွာမှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ အရင်အပတ်က တခြားစစ်လေယာဉ်တစီး ပျက်ကျမှုကြောင့် သေဆုံးတဲ့လေသူရဲကို စစ်ရေးအခမ်းအနားနဲ့ ဂုဏ်ပြုစဉ် ပျက်ကျတာလို့ ဒေသခံတွေက ပြောပါတယ်။ ဒီရုပ်သံမှာ ပါဝင်တဲ့ အချက်တွေကို သီးခြားလွတ်လွတ်လပ်လပ် စစ်ဆေး အတည်ပြုနိုင်မှုတော့ မရှိပါဘူး။

More News
Up