ကေအန်ယူ ဆိုင်းငံ့တာ ငြိမ်းချမ်းရေးဖြစ်စဉ် ထိခိုက်မှာမဟုတ်ဘူး-ခိုင်စိုးနိုင်အောင်
အေးနိုင်
·
September 3, 2014
ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်ကောင်စီအဖွဲ့ဝင်အဖြစ်ကနေ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) က ယာယီ ဆိုင်းငံ့လိုက်တာဟာ အဖွဲ့တွင်း ညီညွတ်ရေးကို ထိခိုက်စေမမယ့် ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ်တော့ ထိခိုက်မှာ မဟုတ်ဘူးလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရဲ့ ခေါင်းဆောင် ခိုင်စိုးနိုင်အောင်က ပြောပါတယ်။
မဟာမိတ်တပ်ပေါင်းစုတွေမှာ နှစ်ပေါင်း ၃၀ ကျော် ထိပ်တန်းတာဝန်တွေ ထမ်းရွက်ခဲ့သူ၊ ကွန်ဂရက်ကို လေ့လာသူအဖြစ် တက်ရောက်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီက ဒုတိယဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်ကို ညီလာခံအခြေအနေနဲ့ အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဒီဗွီဘီက မေးမြန်းထားပါတယ်။