အမေရိကန်သတင်းထောက်ကို ခေါင်းဖြတ်သတ်မှု စီပီဂျေ ပြစ်တင်

အမေရိကန်အခြေစိုက် စာနယ်ဇင်းသမားများ ကာကွယ်ရေးကော်မတီ (စီပီဂျေ) က အမေရိကန်သတင်းထောက် စတီဗင် စော့လော့ဖ်ဖြစ်ပုံရသူကို ခေါင်းဖြတ်ဖို့ လုပ်နေတဲ့ ရုပ်သံကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့က ပြစ်တင်ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေကို တရား စီရင်သင့်တယ်လို့လည်း ပြောပါတယ်။ “စစ်မြေပြင်သတင်းထောက်ဟာ အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း သေနိုင်တယ်။ အန္တရာယ်ရှိတယ်ဆိုတာ သိပြီးသားပါ။ ဒါပေမယ့် ကင်မရာရှေ့ကို ဆွဲခေါ်လာပြီး သားသတ်သမားက သတ်သလို အသတ်ခံရတာကတော့ ခြားနားတယ်။ ဒါစစ်ရာဇဝတ်မှုပဲ” လို့ ဆိုပါတယ်။ CPJအစ္စလာမ္မစ်ပြည်ထောင်စု သူပုန်တွေက ဒုတိယမြောက် သတင်းထောက်ကို ခေါင်းဖြတ်ပုံကို ပြထားတဲ့ ရုပ်သံကို စက်တင်ဘာ ၂ ရက်နေ့က ဖြန့်ချိလိုက်တာပါ။ အီရတ်နိုင်ငံတွင်းက သူပုန်ထမှုကို အမေရိကန်က လေကြောင်းပစ်ကူပေးတာနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရကို အတိုက်အခံပြုမှုတွေ မြင့်လာတဲ့ လက္ခဏာလည်း ဖြစ်ပါ တယ်။ အသက် ၃၁ နှစ်အရွယ် စော့လော့ဖ်ဟာ မနှစ်က ဆီးရီးယားစစ်ပွဲသတင်းယူရင်း ပျောက်ဆုံးခဲ့တာပါ။ တခြားသတင်းထောက်တချို့လည်း ပျောက်ဆုံးနေဆဲ ဖြစ်ပြီး သူတို့ လွတ်မြောက်ရေး လုပ်နိုင်တာ သိပ်မရှိဘူးလို့ စီပီဂျေဒုညွှန်ချုပ်က ပြောပါတယ်။ သုတေသနအရ ဆီးရီးယားနိုင်ငံသား အများစုဖြစ်တဲ့ တခြားသတင်းထောက် အယောက် ၂၀ လောက်လည်း ဓားစာခံအဖြစ် အဖမ်းခံထားရတယ်လို့ မာဟိုနေက ရိုက်တာစ်သတင်းဌာန ကို ပြောခဲ့ပါတယ်။

More News
Up