Home
သတင်းတို
တပ်ငှားမြေ လျော်ကြေးမရသူများ ၁၄ ကြိမ်မြောက် ဆန္ဒဖော်ထုတ်မည်
DVB
·
September 3, 2014
တပ်မတော်က ငှားရမ်းခဲ့တဲ့ ဗိုလ်တထောင်မြို့နယ်က မြေတွေပေါ်မှာ ပုဂ္ဂလိက ကုမ္ပဏီတွေက အိမ်ရာ ဆောက်လုပ်နေပြီး အခုအချိန်ထိ လျော်ကြေးမရတဲ့အပေါ် မူလ မြေပိုင်ရှင်တွေက ဒီနေ့ နေ့လယ် သတင်းစာရှင်းလင်းပွဲပြုလုပ်မှာ ဖြစ်ပါတယ်။ [caption id="attachment_64078" align="alignright" width="300"]သတင်းဓာတ်ပုံ - ပိုင်စိုး သတင်းဓာတ်ပုံ - ပိုင်စိုး[/caption] မူလမြေပိုင်ရှင်တွေ ကို လျော်ကြေးပေးဖို့ အစိုးရက ညွှန်ကြားထားပေမယ့် အခုအချိန်အထိ မရသေးလို့ လာမယ့် စက်တင်ဘာ ၁၂ ရက်နေ့မှာလည်း ၁၄ ကြိမ်မြောက် ဆန္ဒဖော်ထုတ်မယ်လို့ ဦးဆောင်သူ ဦးမြင့်အောင် က ပြောပါတယ်။ ဒီမြေတွေကို ဗမာ့တပ်မတော် ခဲယမ်းမီးကျောက် သိုလှောင်ရုံတွေအဖြစ် ၁၉၅၂ ခုနှစ်က စပြီး မူလ မြေပိုင်ရှင်တွေဆီက ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024