ရှဝိန်းစတိုင်ဂါကို ဂျာမဏီအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်

ကွင်းလယ်သမား ရှဝိန်းစတိုင်ဂါကို ဂျာမဏီလက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ် စက်တင်ဘာ ၂ ရက်နေ့က ခန့်အပ်ကြောင်း နည်းပြ ဂျိုချင်လိုးက ကြေညာလိုက်ပါတယ်။ Shhweinsteigerဘရာဇီး ကမ္ဘာ့ဖလားအပြီးမှာ အနားယူသွားတဲ့ အသင်းခေါင်းဆောင်ဟောင်း ဖိလစ် လန်းရဲ့ နေရာမှာ အစားထိုးခန့်လိုက်လိုက်တာပါ။ အသက် ၃၀ အရွယ် ဘိုင်ယန်မြူးနစ် ကွင်းလယ်သမားဟာ ဂျာမဏီအတွက် ၁၀၈ ပွဲမှာ ၂၃ ဂိုး သွင်းပေးထားပါတယ်။ ရှဝိန်းစတိုင်ဂါဟာ ဘိုင်ယန်အသင်းဖော် ဖိလစ်လန်းပြီးရင် ဂျာမဏီအသင်းမှာ အတွေ့အကြုံ အရှိဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ သူဟာ ဒဏ်ရာကြောင့် ဒီနေ့ ကစားမယ့် အာဂျင်တီးနား ခြေစမ်းပွဲမှာ မပါဝင်နိုင်ဘူးလို့ သိရပါတယ်။

More News
Up