ပျဉ်းမနားမြို့မဈေး အရှေ့ဘက်တန်း မီးလောင် (ဓာတ်ပုံ)
DVB
·
September 3, 2014
နေပြည်တော် ပျဉ်းမနားမြို့မဈေး အရှေ့ဘက်တန်းမှာ ဒီနေ့နက် ၂ နာရီ ၀န်းကျင်က မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဈေးအရှေ့ဘက် နေအိမ်တွေမှာ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တန်းက စတင်လောင်ကျွမ်းတာ ဖြစ်ပြီး ဆိုင်ခန်း ၇ ခန်း မီးလောင်သွားတယ်လို့ သိရပါတယ်။
ပျဉ်းမနားနဲ့ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မီးသတ်စခန်းတွေကနေ မီးသတ်ကားအစီး ၃၀ လောက် လာရောက်ငြိမ်းသတ်ခဲ့ပြီး မနက် ၃ နာရီခွဲလောက်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။
မီးလောင်မှုကြောင့် သေဆုံးဒဏ်ရာရသူ မရှိခဲ့ပါဘူး။ မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးမှု တန်ဖိုးကိုတော့ အတည်မပြုနိုင်သေးပါ။
[gallery ids="64050,64051,64052,64053,64054,64055"]