Home
အထွေထွေ
အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ကျောင်းသားသမဂ္ဂများ ဆန္ဒဖော်ထုတ်
DVB
·
September 2, 2014
အမျိုးသားပညာရေးဥပဒေကို တက္ကသိုလ်ကျောင်းသားသမဂ္ဂ (တကသ) များက ဒဂုံတက္ကသိုလ်မှာ ဒီနေ့ နေ့လယ် ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ [caption id="attachment_64026" align="alignright" width="300"]10616635_764068086965027_2414876695340778507_n ဓာတ်ပုံ - သူရိန်[/caption] ရန်ကုန်မှာရှိတဲ့ တက္ကသိုလ်တွေ က ကျောင်းသား သမဂ္ဂတွေ ပူးပေါင်းကြ တာဖြစ်ပြီး ကျောင်းသား ၁၀၀ လောက် ပါဝင်ကြတယ်လို့ ဒဂုံ တက္ကသိုလ် ကျောင်းသား သမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူ က ပြောပါတယ်။ 10454463_764068090298360_7385892967754419775_nဆန္ဒဖော်ထုတ်ဖို့အတွက် ခွင့်ပြုချက်ယူထားတာ မရှိဘဲ သတင်းကိုတော့ ကြိုတင်ထုတ်ပြန် ထားခဲ့ပြီး ကျောင်း အုပ်ချုပ်ရေး ဘက်က လုံခြုံရေး တင်းကျပ်ထားတယ်လို့ သူက ပြောပါတယ်။ 10647140_764068103631692_3714264013802985263_n“ဒဂုံ တက္ကသိုလ်မှာရှိတဲ့ လုံခြုံရေးတွေ အပြင် တခြားကျောင်းတွေက ဆရာတွေကို လည်း ခေါ်ထားသေး တယ်။ စာသင်ခန်းထဲ က ကျောင်းသားတွေကို လည်း အပြင်ပြန်ထွက်ခွင့် မပေးဘူး” လို့ သူက ဆက်ပြောပါတယ်။ 10600641_764068106965025_4830942727746526472_nအမျိုးသားပညာရေး ဥပဒေဟာ ကျောင်းသား၊ ဆရာနဲ့  ပညာရှင်တွေရဲ့ သဘောဆန္ဒနဲ့ ထပ်တူမကျပဲ ကျောင်း သား သမဂ္ဂရဲ့ အခန်းကဏ္ဍလည်း မပါဝင်ဘူး လို့ ကျောင်းသား သမဂ္ဂတာဝန်ခံတွေ က ပြောပါတယ်။ ပြီးတော့ 10599203_764068093631693_8759223181156168360_nပညာရေးစနစ်တခုလုံးကို ဗဟိုချုပ်ကိုင်နိုင်အောင် စီမံထားတယ်လို့လည်း သူတို့က ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မန္တလေး၊ မုံရွာနဲ့ စစ်ကိုင်းမှာ တက္ကသိုလ်ကျောင်း သားတွေက 10570386_764068096965026_5557661561397609560_nအမျိုးသားပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024