ဂျပန်-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ရန် သဘောတူ

ဂျပန်ဝန်ကြီးချုပ်နှင့်အိန္ဒိယ၀န်ကြီးချုပ်
1.4K
ဂျပန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ တိုးမြှင့်ဖို့ သဘောတူလိုက်ကြပါတယ်။
[caption id="attachment_63956" align="alignright" width="300"]
ဂျပန်ဝန်ကြီးချုပ်နှင့်အိန္ဒိယ၀န်ကြီးချုပ်[/caption]
တရုတ်နိုင်ငံရဲ့ အင်အားကြီးထွားနေ တာကို စိုးရိမ်းနေတဲ့ အာရှမှာ ဒုတိယနဲ့ တတိယ စီးပွားရေး အင်အားအကြီး ဆုံး နှစ်နိုင်ငံဟာ ကာကွယ်ရေးပစ္စည်း အရောင်းအ၀ယ် အတွက်လည်း သဘောတူခဲ့ပါတယ်။
ဂျပန်ဆ်ီက ကုန်းရော၊ ရေမှာပါ အတက်အဆင်း လုပ်နိုင်တဲ့ လေယာဉ်တွေကို အိန္ဒိယ ရေတပ်ကို ရောင်းချဖို့အတွက် ဆက်လက်ဆွေးနွေးဖို့ သဘောတူပါတယ်။
ဒါ့အပြင် နျူကလီးယားစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် တခုကို အမြန်ဆုံးရအောင် ဆွေးနွေးဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။
ဒီလို သဘောတူညီချက်တွေဟာ နှစ်နိုင်ငံကြားမှာ သိသာတဲ့ တိုးတက်မှုတွေ ဖြစ်တယ်လို့ ခေါင်းဆောင်နှစ်ယောက်က ပြောပါတယ်။
ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ဂျပန်ဝန်ကြီးချုပ် အာဘေးက နှစ်နိုင်ငံကြားမှာ နိုင်ငံရေး၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ အတည်ပြုပါတယ်။
ကာကွယ်ရေးပစ္စည်းတွေ ပူးပေါင်းဆောင်ရွက်ရေးကိစ္စ၊ ရေကြောင်းလုံခြုံရေးမှာ အရှိန်မြှင့် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူတယ်လို့ ပြောပါတယ်။
အိန္ဒိယ၀န်ကြီးချုပ် မိုဒီကလည်း အာရှရာစုဟာ အခုအချိန်မှာ ရုပ်လုံး မပေါ်သေးပေမယ့် အိန္ဒိယနဲ့ ဂျပန်တို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ရုပ်လုံးဖော်ဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။
လာမယ့် ၅ နှစ်အတွင်း အိန္ဒိယမှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု ၂ ဆတိုးမြှင့်ရေး ရည်မှန်းချက်အပေါ်မှာလည်း ခေါင်းဆောင်နှစ်ယောက်တို့ သဘောတူညီမှု ရခဲ့ပါတယ်။
