မန်ယူတိုက်စစ်မှူး ၂ ဦးကို အာဆင်နယ်နှင့် ရီးရဲလ် ခေါ်ယူ

1.5K
ပရီးမီးယားလိဂ်ရဲ့ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာပဲ အာစင်နယ်က မန်ယူ တိုက်စစ်မှူး ဒယ်နီဝဲဘက်ကို ပေါင် ၁၆ သန်းနဲ့ ၀ယ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။
မန်ယူကို မိုနာကိုတိုက်စစ်မှူး ဖာကာအို ရောက်ရှိလာတဲ့အတွက် ၀ဲဘက်အနေနဲ့ အသင်းပြောင်းတာလည်း ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ၀ဲဘက်ဟာ မန်ယူအသင်းရဲ့ ငယ်မွေးခြံပေါက် ကစားသမား ဖြစ်ပြီး ၁၄၂ ပွဲမှာ ၂၉ ဂိုး သွင်းပေးထားပါတယ်။ ၀ဲဘက်ဟာ အင်္ဂလန်အသင်းအတွက် ၂၆ ပွဲမှာ ၈ ဂိုး သွင်းပေးထားပါတယ်။
အလားတူ မန်ယူ တိုက်စစ်မှူး ဟာနန်ဒက်ကို ရီရဲလ်မက်ဒရစ်က အငှားစာချုပ်နဲ့ ခေါ်ယူနိုင်လိုက်ပါတယ်။ စာချုပ်ထဲမှာ ရီရဲလ်အနေနဲ့ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူးကို ၀ယ်ယူနိုင်တဲ့ အခွင့်အရေးလည်း ပါရှိမှာ ဖြစ်ပါတယ်။ မက္ကဆီတိုက်စစ်မှူးဟာ မန်ယူကို ၂၀၁၀ မှာ ရောက်ရှိလာပြီး ပွဲပေါင်း ၁၀၂ ပွဲမှာ ၃၇ ဂိုး သွင်းပေးထားပါတယ်။
